အိန္ဒိယကမ်းခြေစောင့်တပ်သည် မြန်မာနိုင်ငံမှ မှောင်ခိုသယ်လာသော မက်သ်အဖက်တမင်း ၅ ဒသမ ၅ တန်ပါလာသည့် ငါးဖမ်းလှေကို ရပ်တန့်စေခဲ့ရာ ယင်းငါးဖမ်းလှေပေါ် မှ တရားမဝင်မူးယစ်ဆေးများကို အများဆုံး ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။
အိန္ဒိယကမ်းခြေစောင့်တပ် ICG ၏ ကမ်းထောင်လေယာဉ်သည် အိန္ဒိယနှင့် မြန် မာနိုင်ငံအကြားတွင် တည်ရှိသော ကပ္ပလီပင် လယ်$ မသင်္ကာစရာ ငါးဖမ်းလှေငယ်ကို တွေ့ ရှိခဲ့သည်။
ကမ်းခြေစောင့်တပ်သင်္ဘောကို စေလွှတ်ခဲ့ရာ သင်္ဘောပေါ်မှ အရာရှိများသည် နိုဝင်ဘာ ၂၅ ရက် အရုဏ်တက်ချိန်တွင် ငါးဖမ်း စက်လှေပေါ်ကို တက်ရောက်ခဲ့သည်။ စိုးဝေယံထူးဆိုသည့် ငါးဖမ်းလှေပေါ်တွင် မြန်မာနိုင်ငံသား ခြောက်ဦးပါဝင်သည်ဟု ဆိုသည်။ ၎င်းတို့သည် အိန္ဒိယရေပိုင်နက်ကို ဝင်ရောက်ခဲ့သည်ဟု ကမ်းခြေစောင့်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ငါးဖမ်းစက်လှေပေါ်ကို တက်သွားတဲ့ အဖွဲ့ဟာ တားမြစ်ထားတဲ့ မက်သ်အဖက်တမင်း ကီလို ၅,၅၀၀ နီးပါးကို တွေ့ရှိခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့သည်။
“အခုဖမ်းဆီးမှုဟာ ICG ရဲ့အများဆုံး ဖမ်းဆီးရရှိမှုဖြစ်လို့ အဲဒါဟာ အိန္ဒိယရေပိုင် နက်ကို ကမ်းခြေစောင့်တပ်က ဘေးကင်း အောင်ဆောင်ရွက်နေတယ်ဆိုတာကို မီးမောင်း ထိုးပြနေတာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက် က ဆိုသည်။
ထို့နောက် ငါးဖမ်းလှေကို အိန္ဒိယရေတပ် အခြေစိုက်စခန်းသို့ ယူဆောင်သွားခဲ့သည်။
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်သည် စိတ်ကြွဆေး အများဆုံးထုတ်လုပ်ရာနေရာဖြစ်ပြီး ယင်းစိတ်ကြွဆေးအများအပြားကို ထိုင်းနယ် စပ်အနီး လက်နက်ကိုင်အုပ်စုများက ထိန်းချုပ် ထားသော တောပိုင်းနေရာများတွင် တည် ရှိသော တရားမဝင် ဓာတ်ခွဲခန်းများ$ ထုတ် လုပ်သည်။
မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် တရုတ်၊ ထိုင်းတို့ကို ဖြတ်သန်းသော ကုန်းလမ်း တွင် ပိုမိုတင်းကျပ်သော လှည့်ကင်းများကို ရှောင်ရန် လှေ၊ သင်္ဘောများဖြင့် မှောင်ခိုကူး ခြင်းသို့ ကူးပြောင်းလုပ်ဆောင်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်တွင် စံချိန်တင် စိတ်ကြွဆေး တန် ၁၉၀ ကို အရှေ့အာရှနှင့် အရှေ့တောင် အာရှတို့တွင် ဖမ်းဆီးခဲ့သည်ဟု မူးယစ်ဆေးဝါး နှင့်ရာဇဝတ်ဆိုင်ရာ ကုလသမဂ္ဂရုံး UNODC ၏ ထုတ်ပြန်ချက်အရ သိရသည်။
The Barrons
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
