ရီးယဲလ်မက်ဒရစ်နှင့် စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ရာမို့စ်သည် အခွန်ကိစ္စအတွက် ဒဏ်ကြေးယူရိုတစ်သန်း ပေးဆောင်ပြီးဖြစ်သော်လည်း အယူခံဝင်မည်ဖြစ်ကြောင်း သိရသည်။
ရာမို့စ်သည် ၂၀၁၂ မှ ၂၀၁၄ ခုနှစ် အတွင်း ၎င်း၏ပုံရိပ်အသုံးပြုခအတွက်ရရှိသည့် ဝင်ငွေခွန်သက်သာစေရန် စပိန်နိုင်ငံရှိ ကိုယ်ပိုင်ကုမ္ပဏီမှတစ်ဆင့် အခွန်ရှောင်ရန် ကြိုးပမ်းမှုကြောင့် ဒဏ်ကြေးယူရိုတစ်သန်း ချမှတ်ခံထားရသည်။
ရာမို့စ်သည် ဒဏ်ကြေးကို ပေးဆောင်ပြီးဖြစ်သော်လည်း ပြစ်မှုဆိုင်ရာ ဥပဒေချိုးဖောက်ခြင်းမဟုတ်သဖြင့် အယူ ခံဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
''ဒါက စီမံခန့်ခွဲမှုဆိုင်ရာ ဒဏ်ကြေး ချမှတ်ခံရတာပါ။ ပြစ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှု မဟုတ်ပါဘူး''ဟု ၎င်းက ပြောကြားသည်။
ရာမို့စ်သည် စပိန်နိုင်ငံ၌ အခွန်ပြဿနာရင်ဆိုင်ရသည့် ဘောလုံးကြယ်ပွင့်များအနက် တစ်ဦးအပါအဝင်ဖြစ်လာပြီး စီရော်နယ်လ်ဒို၊ မက်ဆီတို့လည်း ဖြစ်ပွားခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
