မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဆားဘီးယားကလပ် ပါတီဇန်အသင်းကို အနိုင်ရပြီး ပြိုင်ပွဲစုံ အဝေးကွင်း ၁၁ ပွဲဆက်တိုက် နိုင် ပွဲပျောက်ဆုံးမှု ရပ်တန့်နိုင်သဖြင့် ဝမ်းမြောက်မိသလို အမှတ်ပေးပွဲတွင်လည်း အဝေးကွင်း နိုင်ပွဲရရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
မန်ယူအသင်းအနေဖြင့် ပြီးခဲ့သည့်မတ်လအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG အသင်းကို အနိုင်ရပြီးနောက်ပိုင်း ခုနစ်လကျော်ကြာ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်ရာ ဆိုးလ်ရှားက ယခုလို ပြောကြားခြင်းဖြစ်သည်။
''ဒီကိစ္စက တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရမယ့်ကိစ္စပါ။ လိဂ်ပြိုင်ပွဲမှာလည်း အဝေးကွင်းနိုင်ပွဲရဖို့ လိုအပ်ပါတယ်။ အခုပွဲမှာ နောက်ထပ် Clean Sheet ရလဒ်နဲ့ နိုင်ပွဲရယူနိုင်ခဲ့လို့ ကျေနပ်ပါတယ်''ဟု ၎င်းက ပွဲအပြီးတွင် ပြောကြားသည်။
မန်ယူအသင်းသည် ယခုတစ်ပတ် ပရီး မီးယားလိဂ် ပွဲစဉ် (၁၀) အဖြစ် အောက်တိုဘာ ၂၇ ရက် (တနင်္ဂနွေနေ့) တွင် တန်းတက် နောဝစ်ချ်အသင်းနှင့် အဝေးကွင်းကစားရမည် ဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် ခံစစ်သုံး ယောက်တန်းပုံစံ ဆက်လက်အသုံးပြုမည် ဖြစ်ကြောင်း ဆိုးလ်ရှားက ပြောကြားသည်။
''ဒဏ်ရာပြဿနာတွေကြောင့် ဒီပုံစံကစားဖို့ ဖြစ်လာတာလို့ ကျွန်တော်ထင်တယ်။ ကျွန် တော်တို့ဆီမှာ ကြံ့ခိုင်မှုပြည့်ဝပြီး အရည် အသွေးရှိတဲ့ ခံစစ်အတွင်းလူတွေရှိပါတယ်။ အဲဒါကြောင့် လီဗာပူးလ်ပွဲနဲ့ ဒီနေ့ညပွဲမှာ ခံစစ်သုံးယောက်ပုံစံကို အလွယ်တကူပြောင်း ပြီးတော့ ကစားနိုင်ခဲ့တာပါ။ ဥပမာပြောရရင် ဆာဂျီယို (ရိုမဲရိုး) က ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကစားဖူးတယ်။ မားကို့စ် (ရိုဟို) ကလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခံစစ်သုံးယောက်ပုံစံ ကစားဖူးတယ်။ ဟာရီ (မက်ဂွိုင်းရား) နဲ့ ဂျိုနာ (ဖီးလ်ဂျုံးစ်) ကလည်း ဆီမီးဖိုင်နယ်တုန်းက ခံစစ်သုံးယောက်ပုံစံကစားတဲ့အထဲမှာ ပါဝင် ခဲ့ဖူးတယ်။ ဒဏ်ရာပြဿနာတွေကြောင့် ဒီ ပုံစံကိုပြောင်းကစားခဲ့ရပေမဲ့ တော်တော်လေး အလုပ်ဖြစ်ပါတယ်''ဟု ၎င်းက ဆိုသည်။
မန်ယူအသင်းသည် ခံစစ်သုံးယောက်ပုံစံဖြင့်ကစားသည့်နှစ်ပွဲစလုံး ရလဒ်ကောင်း မွန်ခဲ့ပြီး လီဗာပူးလ်နှင့်သရေကျကာ ပါတီဇန် ကို အနိုင်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
