ဘိုင်ယန်မြူးနစ် - အူန်ယွန်းဘာလင် (စနေည ၈းဝ၀ နာရီ)
(၂)ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ ဘိုင်ယန်မြူးနစ်အသင်း ပြန်လာချိန်တန်ပါပြီ။ မြူးနစ်ကွင်းလည်းဖြစ်လို့ ဘိုင်ယန်ကိုပဲ ရွေးချင်တယ်။
ဟာသာဘာလင် - ဟော်ဖန်ဟင်မ် (စနေည ၈းဝ၀ နာရီ)
ဘိုင်ယန်၊ ရှော်လ်ကေးတို့ကို အနိုင်ကစားခဲ့တဲ့ ဟော်ဖန်ဟင်မ်ရဲ့စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။ ဒီပွဲလည်း ဟော်ဖန်ဟင်မ် အမှတ်ရဦးမယ်။
ဖရိုင်းဘတ် - လိုက်ပ်ဇစ် (စနေည ၈းဝ၀ နာရီ)
ဖရိုင်းဘတ်က နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒစ်လီဂါအိမ် ကွင်း(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တယ်။ လိုက်ပ်ဇစ် အခုလိုပွဲမျိုးမှာ နိုင်ပွဲပြန်ယူမယ်ထင်တယ်။
ရှော်လ်ကေး - ဒေါ့မွန် (စနေည ၈းဝ၀ နာရီ)
ရှော်လ်ကေးက နိုင်ပွဲဆက်ခဲ့ပြီးမှ နောက်ဆုံး(၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတယ်။ ဒါပေမဲ့ ရှော်လ်ကေးအသင်း လက်ရှိခြေစွမ်းလောက် မကောင်းတဲ့အချိန်မှာတောင် Revierderby ပွဲတွေက အကြိတ်အနယ်ဖြစ်လေ့ရှိပါတယ်။ ရှော်လ်ကေးအသင်း ဥရောပပွဲမရှိလို့ ပွဲပန်းမနေတာက အခုလိုဒါဘီပွဲမျိုးမှာ တစ်ပန်းသာစေနိုင်တယ်။ ဒေါ့မွန်ကတော့ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရတဲ့အပြင် တောက်လျှောက်ပွဲကျပ်တွေကစားရဖို့ရှိတာကလည်း အသင်းဟန်ချက်ကိုထိန်းနိုင်ဖို့ အတော် လေးဂရုတစိုက်လုပ်ဆောင်ရမယ့် အနေအထားရှိပါတယ်။ ရှော်လ်ကေးတိုက်စစ် (၂)ပွဲဆက် ဂိုးပေါက်ပျောက်ထားပေမယ့် အမှတ်တော့ရမှာပါ။
ပါဒါဘွန်း - ဒစ်ဆယ်ဒေ့ါဖ် (စနေည ၈းဝ၀ နာရီ)
လက်ရှိပုံစံအတိုင်းဆို ပါဒါဘွန်းက ဘွန်ဒစ်လီဂါကနေ အစောဆုံးတန်းဆင်းရမယ့်အသင်း ဖြစ်နိုင်လောက်တယ်။ ဒစ်ဆယ်ဒေါ့ဖ်ကိုပဲ ကြိုက်တယ်။
လေဗာကူဆင် - ၀ါဒါဘရီမင် (စနေည ၁၁းဝ၀ နာရီ)
ချန်ပီယံလိဂ်မှာ အခြေအနေမကောင်းတော့လို့ ဘွန်ဒစ်လီဂါကို လေဗာကူဆင် ပြန်အာရုံစိုက်လာနိုင်တယ်။ လေဗာကူဆင်ဘက်ကပဲ ရပ်တည်သင့်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
