လီဟာနက်စ် - မာယော့ကာ (စနေည ၈း၃၀ နာရီ)
လီဟာနက်စ်ကတော့ နိုင်ပွဲရှာမတွေ့သေးဘူးဖြစ်နေ တယ်။ ကြိုးစားကစားနေပေမယ့်လည်း နိုင်ပွဲနဲ့မနီးစပ်သေးဘဲ ရုန်းကန်နေရတယ်။ အထူးသဖြင့် တိုက်စစ်က ဂိုးရဖို့ခက်နေပြီး အရင်ရာသီကလို အိမ်ကွင်းကစားအား မရသေးဘူးဖြစ်နေတယ်။ မာယော့ကာကလည်း ရီးယဲလ်ကိုအနိုင်ရထားလို့ တက်ကြွနေနိုင်တယ်။ ဒါပေမဲ့ အဝေးကွင်းပွဲတွေမှာတော့ မာယော့ ကာ ကစားပုံ အားနည်းနေသေးပြီး တိုက်စစ်ကလည်း အားရစရာမရှိလှဘူး။ လီဟာနက်စ်နဲ့ ဂိုးအနည်းပါပဲ။
ဗယ်လာဒိုလစ် - အီဘာ (စနေည ၁၁းဝ၀ နာရီ)
ဗယ်လာဒိုလစ်ရဲ့ ခံစစ်အားပြုကစားပုံက အလုပ်ဖြစ်နေတာတွေ့ရတယ်။ နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ အိမ်ကွင်းမှာလည်း ရှုံးပွဲမရှိအောင်ကစားထားနိုင်လို့ အီဘာ မလွယ်လောက် ဘူး။ အီဘာကစားပုံတိုးတက်လာပေမယ့်လည်း အဝေးကွင်းမှာ နိုင်ပွဲရအောင် ရုန်းနေရတုန်းပဲ။ ဂိုးနည်းသရေပွဲလို့ပဲထင်တယ်။
အက်သလက်တီကို - ဘီလ်ဘာအို (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
(၉)ပွဲစီကစားအပြီး သွင်းဂိုး (၈)ဂိုး၊ ပေးဂိုး (၅)ဂိုးစီ တူညီ နေကြတဲ့ အသင်းနှစ်သင်း လာတွေ့နေကြတဲပွဲဖြစ်တယ်။ နှစ် သင်းစလုံးလည်း ခုနောက်ပိုင်း လာလီဂါမှာ နိုင်ပွဲရဖို့ရုန်းကန် နေရပြီး အက်သလက်တီကိုက (၃)ပွဲ၊ ဘီလ်ဘာအိုက (၄)ပွဲ ဆက်တိုက် နိုင်ပွဲပျောက်နေကြတယ်။ ဘီလ်ဘာအိုက ပိုဆိုး သလိုတွေ့ရပြီး အဝေးကွင်းမှာ နိုင်ပွဲလုံးဝမရသေးဘူး။ အက်သလက်တီကိုကတော့ တိုက်စစ်အားနည်းမှုဒဏ်ကို ခံနေရတယ်။ ဂိုးရဖို့ အတော်လေးရုန်းနေရပြီး နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရာမှာ ပြီးခဲ့တဲ့ဗလင်စီယာနဲ့တစ်ပွဲပဲ တစ်ဂိုးသွင်း နိုင်ခဲ့တာတွေ့ရတယ်။ ဒါကြောင့် အခုပွဲလည်း အဝေးကွင်းမှာ ခံစစ်ကစားပြီး အမှတ်ရှာလေ့ရှိတဲ့ ဘီလ်ဘာအိုဘက်ကို အက်သလက်တီကို ဂိုးရဖို့ရုန်းကန်ရဦးမယ်ထင်တယ်။ တိုက်စစ်မှာလည်း ယာအိုဖီးလစ် ဒဏ်ရာကြောင့် အနားယူရဖို့ရှိနေလို့ အက်သလက်တီကိုတိုက်စစ် ဘယ်လိုအပြောင်းအလဲလုပ်မလဲပဲ စောင့်ကြည့်ရမယ်။ အစဉ်အလာတွေအရတော့ အက်သလက်တီကိုကိုပဲ ရွေးထားရမယ်။ ဂိုးတော့နည်းလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
