မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ ချုပ်က ရွေးချယ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံး အားကစားသမားဆုရရှိသူများစာရင်းကို အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ရာ ဝူရှူးလက်ရွေးစင်များဖြစ်သည့် ငြိမ်းချမ်းကိုကိုနှင့် အေးသစ္စာ မြင့်တို့ ဆွတ်ခူးရရှိပြီး မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက အတိုးတက်ဆုံး အားကစားသမားဆုရရှိခဲ့ကြောင်း သိရ သည်။
အကောင်းဆုံးဆုများအနက် အကောင်းဆုံးအမျိုးသားအားကစားသမားဆုကို ငြိမ်းချမ်းကိုကို (ဝူရှူး)၊ အမျိုးသမီးဆုကို အေးသစ္စာမြင့် (ဝူရှူး)၊ အတိုးတက်ဆုံးအားကစားသမားဆုကို သက်ထားသူဇာ (ကြက်တောင်)၊ အထူး ဂုဏ်ပြုအားကစားသမားဆုကို ထွန်းမင်း (ကာယဗလ)၊ တက်သစ်စလူငယ်အားကစားသမားဆုကို ထွန်းလင်းအောင် (တိုက်ကွမ်ဒို)၊ အကောင်းဆုံးအသင်းလိုက်ဆုကို မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းနှင့် လှုပ်ရှား တက်ကြွမှု အကောင်းဆုံးအဖွဲ့ချုပ်ဆုကို ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့က ရရှိခဲ့သည်။
မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင် မှုရရှိခြင်းအပေါ်တွက်ချက်၍ ရွေးချယ်ခြင်း ဖြစ်ပြီး ပြိုင်ပွဲအဆင့်အတန်းကိုလည်း ထည့် သွင်းတွက်ချက်ကြောင်း သိရသည်။
ဆုချီးမြှင့် ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီတွင် အား/ကာသိပ္ပံ (ရန်ကုန်)၌ကျင်းပမည်ဖြစ်ပြီး အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ကျပ် ၁၀ သိန်းစီနှင့် အထူးဆုရရှိသူများကို ကျပ်ငါးသိန်းစီ ချီးမြှင့်မည်ဖြစ်သည်။
လှုပ်ရှားတက်ကြွမှု အကောင်းဆုံးအဖွဲ့ချုပ်ဆုကိုမူ ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အကောင်းဆုံး အမျိုးသားအားကစားသမားဆုရ ငြိမ်းချမ်းကိုကိုသည် ဒုတိယအကြိမ် ကမ္ဘာ့ထောက်လုပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခု၊ အာဆီယံတက္ကသိုလ်အားကစား ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခု၊ အာရှအား ကစားပြိုင်ပွဲတွင် ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ပြီး အေးသစ္စာမြင့်မှာလည်း အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေတစ်ခု၊ ဒုတိယအကြိမ် ကမ္ဘာ့ထောက်လုပြိုင်ပွဲတွင် ငွေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိသော ကြောင့် အကောင်းဆုံးအမျိုးသမီးအားကစားသမားဆု ရရှိခြင်းဖြစ်သည်။
သက်ထားသူဇာမှာမူ ယခုနှစ်အတွင်း အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် နှစ် ကုန်ပိုင်းမှသာ အောင်မြင်မှု စတင်ရယူနိုင်ခြင်းဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများမှ ချန်ပီယံ ဆုတစ်ကြိမ်နှင့် ဒုတိယဆု တစ်ကြိမ်သာရရှိ သောကြောင့် အတိုးတက်ဆုံးအားကစားသမားဆုသာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
