နာမည်ကြီး အိုင်ယာလန် MMA ကစားသမား မက်ဂရီဂေါ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုစွဲချက် ပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ကြေညာခဲ့သည်။
မက်ဂရီဂေါ်က စာလုံးရေ ၁၂၀ ပါရှိ သည့်ကြေညာချက်တစ်စောင်ကို သူ၏လူမှုကွန်ရက်တွင် ထုတ်ပြန်ကာ အသိပေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းက အမှားများကျူးလွန်ခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။ မက်ဂရီဂေါ် အနေဖြင့် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် မှုစွဲချက်အတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဒဏ်ကြေးပေါင်နှစ်သိန်းကျော် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
မက်ဂရီဂေါ် (၃၆ နှစ်) နှင့် ဂျိမ်းစ်လောရန့်စ် (၃၅ နှစ်) တို့နှစ်ဦးကို နီကီတာဟန်းဟုအမည်ရသည့် အမျိုးသမီး (၃၅ နှစ်)က ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ရှိ ဟိုတယ်တစ်ခု၌ အဓမ္မပြုကျင့်ခံရသည့်စွဲချက်ဖြင့် တရားစွဲဆိုခဲ့ ခြင်းဖြစ်ပြီး တရားရုံးက နိုဝင်ဘာ ၂၂ ရက်တွင် စီရင်ချက်ချမှတ်ခဲ့သည်။
မစ္စဟန်းက မက်ဂရီဂေါ်သည် အဓမ္မမပြုကျင့်မီ အကြမ်းဖက်မှု ပြုလုပ်ခဲ့သောကြောင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ လောရန့်စ်မှာလည်း ၎င်း၏သဘောတူညီမှုမပါဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲထားသည်။ စွပ်စွဲခံရသူနှစ်ဦးစလုံးက စွဲချက်များကို ငြင်းဆန်ခဲ့ပြီး မစ္စဟန်း နှင့် နှစ်ဦးသဘောတူကြည်ဖြူစွာဖြင့် သီးခြားစီ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။
အဆိုပါအမှုကို ဒဗ္ဗလင်ရှိ တရားရုံးချုပ်၌ နှစ်ပတ်ကြာ ကြားနာစစ်ဆေးပြီးနောက် အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားလေးဦးပါဝင်သည့် ဂျူရီအဖွဲ့က မက်ဂရီဂေါ်တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး မစ္စဟန်းအား နစ်နာကြေး ပေါင် ၂၀၆၀၀၀ (ယူရို ၂၄၈၀၀၀) ပေးဆောင်ရမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
