မန်စီးတီးအသင်းသည် ဖီယင်နုအသင်းနှင့် သရေကျပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲချိန် (၇၅) မိနစ် အထိ (၃-၀) ဂိုးဖြင့် ဦးဆောင်နေပြီးမှ ပွဲအပြီးတွင် အနိုင်မရသည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် နိုဝင်ဘာ (၂၆) ရက်(အင်္ဂါနေ့) က နယ်သာလန်ကလပ် ဖီယင်နုအသင်းကို အိမ်ကွင်းတွင် လက်ခံကစားခဲ့ပြီး ဟာလန်း (၄၄ မိနစ် Pen၊ ၅၃ မိနစ်)၊ ဂွန် ဒိုဂန် (၅၀ မိနစ်)တို့၏ သွင်းဂိုးများဖြင့် ပွဲချိန် (၇၅) မိနစ်အထိ (၃-၀) ဂိုးဖြင့် အနိုင်ရနေခဲ့သည်။
သို့သော် မန်စီးတီးအသင်း သည် ပွဲချိန် (၇၅) မိနစ်၊ (၈၂) မိနစ်နှင့် (၈၉) မိနစ်တို့တွင် ဖီယင်နုအသင်းကို (၁၄) မိနစ်အတွင်း (၃) ဂိုးဆက်တိုက်ပေးခဲ့ရကာ ပွဲအပြီးတွင် (၃-၃) ဂိုးဖြင့် သရေတစ်မှတ်သာ ရရှိခဲ့သည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲသမိုုင်းတွင် ပွဲချိန် (၇၅) မိနစ်ထိ (၃-၀)ဂိုးဖြင့် ဦးဆောင် နေပြီးမှ အနိုင်မရသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Opta က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ဖီယင်နုနှင့်ပွဲမတိုင်မီ ပြိုင်ပွဲစုံ (၅) ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ယခု ဖီယင်နုနှင့်ပွဲတွင် သရေကျခဲ့သောကြောင့် ရှုံးပွဲဆက်မှု ရပ်တန့်ခဲ့သော်လည်း ပြိုင်ပွဲ စုံ (၆) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။ ဂွါဒီယိုလာသည် အဆိုပါပွဲစဉ်တွင် (၃-၀)ဂိုးဖြင့် နိုင်နေပြီးနောက် ဂွန်ဒိုဂန်၊ ဖိုဒန် နှင့် အကီတို့ကို ထုတ်ကာ ဒီဘရိုင်းနား၊ မက်အတီနှင့် ဆိုင်မွန် ပါဆီတို့အား လူစားဝင်ကစားစေခဲ့သည်။ ယင်းနောက် မန်စီးတီးအသင်း ဂိုးများဆက်တိုက်ပေးခဲ့ရခြင်းဖြစ်သည်။
ဂွါဒီယိုလာက "ဖီယင်နုက ကျွန်တော်တို့ကို အနိုင်မပေးခဲ့ပါဘူး။ ဒါက ဒေါသထွက်စရာကောင်းပါတယ်။ ဒီရာသီက ကျွန်တော်တို့အတွက် ခက်ခဲပြီး ဒါကို လက်ခံရမှာပါ။ ပွဲ ပြီးဖို့ မိနစ် (၂၀) အလိုမှာ အကီကို ကျွန်တော် လူစားလဲခဲ့တာပါ။ (၃-၀) ဖြစ်နေတာဆိုတော့ ပွဲပြီးပြီလို့ပဲ ကျွန်တော် ထင်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် အဆိုပါပွဲစဉ်တွင် အသင်း၏စွမ်းဆောင်မှုကို အားမလို၊ အားမရဖြစ်ပြီး မျက်နှာကို လက်သည်းဖြင့် ကုပ်ဖဲ့မှုများ ပြုလုပ်ခဲ့ရာ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
