လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အသင်းတွင် အနာဂတ်မရေမရာဖြစ်နေခြင်းက အသင်းတိုက်စစ်ကစားသမား ဆာလာကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ပိုကောင်းလာအောင် တွန်းအားပေးနေခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို့သော် လီဗာပူးလ်အသင်းအနေဖြင့် လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမရှိသေးသဖြင့် ဒေါသထွက်ရကြောင်း ဆောက်သမ်တန်အား (၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ဆာလာ ဝန်ခံခဲ့သည်။
ထို့ပြင် ဆာလာက မိမိအနေဖြင့် လာမည့်နွေတွင် လီဗာပူးလ်အသင်းတွင် ဆက်နေရန်ထက် ထွက်ခွာရန် ပိုများကြောင်းလည်း ဆောက်သမ်တန်နှင့်ပွဲအပြီး အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ယခုအခါ ဆာလာ၏အဆိုပါမှတ်ချက်နှင့်ပတ်သက်ပြီး ဆလော့က မီဒီယာတွေ့ဆုံမှုတွင် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ဆလော့က "စာချုပ်ကိစ္စကြောင့် ဆာလာ စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ မထင်ပါဘူး။ အသင်းမှာ အနာဂတ်မရေမရာဖြစ်နေခြင်းက သူ့ကို ပိုကောင်းလာစေတယ်လို့တောင် ထင်ပါတယ်"ဟုပြောကြားခဲ့သည်။ ထို့ပြင် ဆာလာ၏စာချုပ်ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းမှုကိုလည်း ဖြေကြားရန်ငြင်းဆန်ခဲ့သည်။
ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အတွက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၁၂) ပွဲတွင် (၁၀)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားသည်။ ထို့ကြောင့် လီဗာပူးလ် အသင်းသည် ဆာလာအား စာချုပ်သစ်ချုပ်ဆိုရန် ၎င်း၏အေးဂျင့်ဖြစ်သူ အစ်ဆာနှင့်ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
