နယူးကာဆယ်အသင်းသည် အသင်းလက်မဲ့ ဖြစ်နေသည့် ရီးယဲလ်နောက်ခံလူဟောင်း ဆာဂျီယိုရာမို့စ်ကို (၁၈)လစာချုပ်ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
စပိန်နောက်ခံလူ ရာမို့စ်(၃၈ နှစ်)သည် ၂၀၂၄ နွေရာသီတွင် ဆီဗီလာအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခြင်းဖြစ်သည်။ ၎င်းသည် ကစားသမားဘဝမှ အနားယူခြင်းမရှိသေးသလို၊ မေဂျာလိဂ်နှင့် ဆော်ဒီလိဂ်ကလပ်အသင်းများထံ သွားရောက်ကစားလိုခြင်းမရှိသည့်အတွက် ဥရောပကလပ်အသင်းများ၏ ကမ်းလှမ်းမှုကိုသာ စောင့်မျှော်နေကြောင်း သိရသည်။
ရာမို့စ်သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ရီးယဲလ်အသင်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ရချိန်တွင် ပြန်လည်လာရောက်ကစားလိုသည်ဟု ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်အသင်းက ငြင်းပယ်ခဲ့သည့်အတွက် အသင်းလက်မဲ့အဖြစ် ဆက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ခံစစ်ပိုင်းအားနည်းချက်များနှင့် ရင်ဆို်င်နေရသော နယူးကာဆယ်အသင်းက ၎င်းကို (၁၈)လစာချုပ်အတွက် ယူရို (၁၀)သန်းဖြင့် စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ နယူးကာဆယ်အသင်းက တစ်ပတ်လစာ ယူရို(၁)သိန်းကျော် ပေးချေသွားရန် စီစဉ်နေခြင်းဖြစ်ပြီး အသင်း၏ လစာအများဆုံးကစားသမား (၁၀)ဦးစာရင်းတွင် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
ရာမို့စ်ကို နယူးကာဆယ်အသင်းအပြင် အခြားပရီးမီးယားလိဂ်ကလပ်အသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး နယူးကာဆယ်နှင့်အပြိုင် ကမ်းလှမ်းမှုများ ရှိလာနိုင်သည်ဟု စပိန်မီဒီယာအချို့က ဖော်ပြလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
