လက်စတာအသင်းသည် စတိဗ်ကူးပါးကို ရာထူးမှ ထုတ်ပယ်ပြီးနောက် အစားထိုးခန့်အပ်ရန် နည်းပြသစ်ရှာဖွေနေရာ ၎င်းတို့၏ နည်းပြသစ်လျာထားစာရင်းတွင် မန်ယူအသင်း၏ ယာယီနည်းပြဟောင်း နစ္စတယ်ရွိုင်း ပါဝင်နေကြောင်း သိရသည်။
လက်စတာအသင်းတာဝန်ရှိသူများသည် နည်းပြသစ်ခန့်အပ်မှုကို လာမည့် ဘရန့်ဖို့ဒ်နှင့်ပွဲမတိုင်မီ ပြုလုပ်သွားနိုင်ရန် ကြိုးပမ်းနေကြောင်းလည်းသိရသည်။
လက်ရှိအချိန်၌ လက်စတာအသင်းနည်းပြသစ်ဖြစ်လာရန်အတွက် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာနှင့် နစ္စတယ်ရွိုင်းတို့နှစ်ဦးမှာ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
နစ္စတယ်ရွိုင်းသည် လိဂ်ချန်ပီယံရှစ်အသင်းအချို့၏ ကမ်းလှမ်းခြင်းခံခဲ့ရသော်လည်း ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ကိုင်တွယ်ရန်သာ ဆန္ဒရှိနေကြောင်း သိရသည်။
လက်စတာအသင်းသည် ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်တွင် ၂ ပွဲနိုင် ၄ ပွဲသရေ ၆ ပွဲရှုံးထားပြီး ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၁၆ နေရာတွင် ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
