စပါးအသင်းနည်းပြ ပိုချက်တီနိုက ထရန်မဲအသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့သည့် FA ဖလား တတိယအဆင့်ပွဲစဉ်တွင် (၆-၀) ဂိုးဖြင့် နိုင်နေချိန်၌ ဟာရီကိန်းအား လူစားဝင်ကစားစေခဲ့ခြင်းမှာ ပြိုင်ဘက်အသင်းနှင့် ပရိသတ်များအပေါ် လေးစားမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
FA ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ထရန်မဲအသင်း၏ အိမ်ကွင်းတွင် ကစားခဲ့သော အဆိုပါပွဲစဉ်၌ စပါးအသင်းက (၇-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုသည် ယင်းပွဲစဉ်တွင် အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဟာရီကိန်းကို အရန်ခုံတွင်ထားခဲ့သော်လည်း (၆-၀) ဂိုးဖြင့် နိုင်နေသည့် ပွဲချိန် (၇၆) မိနစ်တွင် ဟက်ထရစ်သွင်းယူထားသော လော်ရန်တေးနှင့် လူစားလဲခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ရပ်အပေါ် ပရိသတ်များက အပြင်းအထန်ဝေဖန်ခဲ့ကြပြီး ပိုချက်တီနိုက ၄င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုက '' ဟာရီကိန်းကို လူစားဝင်ကစားစေခဲ့တာက လေးစားမှုကြောင့်ပါ။ ပရိသတ်တွေနဲ့ ပြိုင်ဘက်အသင်းကို ကျွန်တော်တို့ လေးစားမှုအပြည့်ရှိပါတယ်။ FA ဖလားလိုပြိုင်ပွဲမျိုးမှာ ဟာရီကိန်းလို icon ကစားသမားမျိုးကို တွေ့ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဟာရီကိန်းကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့အတွက် ကျွန်တော်က လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။ လူတွေက အင်္ဂလန်ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ဟာရီကိန်းရဲ့ ကစားပုံကိုမြင်ချင်ကြပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။
ပိုချက်တီနိုက ၄င်းတို့အနေဖြင့် ပြည်တွင်းဖလားပြိုင်ပွဲများတွင် ဗိုလ်စွဲရန်ထက် နှစ်တိုင်းချန်ပီယံလိဂ် ဝင်ခွင့်ရရေးနှင့် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တို့ကဲ့သို့ ဆုဖလားကြီးများကိုသာ ရယူလိုသည်ဟု ပြောကြားခဲ့ဖူးသော်လည်း ယင်းပွဲအပြီးတွင်မူ ၄င်းတို့အသင်းအနေဖြင့် ပြိုင်ပွဲတိုင်းကို အလေးထားယှဉ်ပြိုင်နေကြောင်းနှင့် ပြိုင်ပွဲတိုင်းကို လေးစားမှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
