ဟာရီကိန်းကို ပွဲချိန် (၇၅)မိနစ်၌ လူစားဝင်ကစားစေမှုကိုလည်း ပြိုင်ဘက်အသင်းပရိသတ်များကို လေးစားမှုကြောင့်ဟု ပိုချက်တီနိုက ဖြေရှင်းချက်ပေးခဲ့သည်။
စပါးအသင်းနည်းပြ ပိုချက်တီနိုက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူဖွယ်မရှိကြောင်း League Two ကလပ် ထရန်မဲအသင်းနှင့်ကစားခဲ့သည့် FAဖလား တတိယအဆင့်ပွဲစဉ်အပြီးတွင် ဝန်ခံခဲ့သည်။
ဇန်နဝါရီ ၄ ရက်က ကစားခဲ့သော ယင်းပွဲစဉ်တွင် စပါးအသင်းက အဝေးကွင်း၌ (၇-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး အော်ရီယေး(၂ ဂိုး)၊ လော်ရန်တေး(၃ ဂိုး)၊ ဆွန်ဟောင်မင်နှင့် ဟာရီကိန်းတို့က တစ်ဂိုးစီသွင်းယူပေးခဲ့သည်။
ယင်းပွဲအပြီးတွင် ပိုချက်တီနိုက '' ကစားသမားသစ်ခေါ်ဖို့က ခက်ခဲပါတယ်။ အသင်းအနေနဲ့ ဒါကိုလုပ်ဆောင်မယ်လို့ မထင်ပါဘူး။ လက်ရှိလူစာရင်းကို ကျွန်တော် ကျေနပ်အားရမှုအပြည့်ရှိပါတယ်။ ပြီးတော့ ဒီလူစာရင်းက တိုးတက်မှုတွေ ရှိလာနိုင်ပါသေးတယ်'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပိုချက်တီနိုက ပရီးမီးယားလိဂ်နောက်ဆုံးပွဲ လူစာရင်းကို (၇)နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ကာကွယ်ခဲ့သည်။
၎င်းက '' ပြိုင်ပွဲအားလုံးကို ကျွန်တော်တို့ တန်းတူသဘောတူထားပြီး အားသွန်ခွန်စိုက်ကစားပါတယ်။ နိုင်တာ၊ ရှုံးတာက ဘောလုံးရဲ့သဘာဝပါ။ ကျွန်တော်တို့က ပြိုင်ပွဲကို အလေးအနက်ထားပြီး လေးစားမှုအပြည့်ရှိပါတယ်'' ဟု ရှင်းလင်းခဲ့သည်။
ယင်းပွဲတွင် ဟာရီကိန်းကို ပွဲချိန် (၇၅)မိနစ်၌ လူစားဝင်ကစားစေမှုကိုလည်း ပြိုင်ဘက်အသင်းပရိသတ်များကို လေးစားမှုကြောင့်ဟု ပိုချက်တီနိုက ဖြေရှင်းချက်ပေးခဲ့သည်။
'' ပြိုင်ဘက်အသင်းပရိသတ်တွေကို လေးစားမှုပြသဖို့ အရေးကြီးပါတယ်။ ဟာရီကိန်းဟာ အင်္ဂလိပ်ဘောလုံးရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးပါ။ သူတို့အနေနဲ့ ဟာရီကိန်းကစားတာကို မျက်ဝါးထင်ထင်မြင်တွေ့ရဖို့ အခွင့်အရေးသိပ်မရှိပါဘူး။ ဒါကြောင့် သူတို့ လူစားလဲကစားစေခဲ့တာ ဖြစ်ပါတယ်'' ဟု ပိုချက်တီနိုက ဖြေကြားခဲ့သည်။
စပါးအသင်းသည် လာမည့် ဇန်နဝါရီ ၈ ရက်တွင် ချယ်လ်ဆီးအသင်းနှင့် လိဂ်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့၊ ဇန်နဝါရီ ၁၃ ရက်တွင် မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်စသဖြင့် ပွဲကျပ်များ ဆက်တိုက်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
