မာရာဒိုနာမှာ လက်ရှိတွင် မက္ကဆီကိုဒုတိယတန်းကလပ် ဒေါ်ရာဒိုးစ်အသင်းကို နည်းပြနေခြင်းဖြစ်သည်။
အာဂျင်တီးနားနာမည်ကျော်ကစားသမားဟောင်း မာရာဒိုနာသည် သူ၏ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ဗြိတိန်သတင်းစာ The Sun တွင်ရေးသားသည့်သတင်း၌ မာရာဒိုနာ(၅၈ နှစ်)သည် အာဂျင်တီးနားနိုင်ငံရှိ ဆေးခန်းတစ်ခုတွင် ပုံမှန်ဆေးစစ်မှုခံယူရာမှ အစာအိမ်အတွင်းပိုင်း သွေးထွက်နေမှုကြောင့် ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။
ဆေးရုံတွင် မာရာဒိုနာနှင့်အတူ သူ၏သားသမီး(၃)ဦးဖြစ်သည့် ဂျီယာနီနာ၊ ဟာနာ၊ ဒီယေဂိုဂျူနီယာတို့လည်း အတူရှိနေကြောင်း သိရသည်။
မာရာဒိုနာမှာ လက်ရှိတွင် မက္ကဆီကိုဒုတိယတန်းကလပ် ဒေါ်ရာဒိုးစ်အသင်းကို နည်းပြနေခြင်းဖြစ်သည်။
၎င်းသည် အသင်းကို Play-off ဗိုလ်လုပွဲအထိ တက်ရောက်ရန် စွမ်းဆောင်ပေးခဲ့သော်လည်း အရေးနိမ့်ခဲ့ခြင်းကြောင့် တန်းတက်ခွင့်နှင့် လွဲချော်ခဲ့ရသည်။
သူ၏အေးဂျင့်ဖြစ်သူ မားတီးယက်စ်မော်လာကမူ မာရာဒိုနာအနေဖြင့် လက်ရှိအသင်းနှင့်ပင် ဒုတိယရာသီ ဆက်ရှိနေမည်ဟု အတည်ပြုပြောကြားထားသည်။
ဒေါ်ရာဒိုးစ်အသင်းသည် မာရာဒိုနာ စတင်ကိုင်တွယ်သည့် စက်တင်ဘာလတွင် အသင်းမှာ ရုန်းကန်နေရသော်လည်း နောက်ပိုင်းတွင်မူ အသင်း၌ တိုးတက်မှုများရှိလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
