မန်ယူအသင်းရင်ဆိုင်ရမည့် ရက်ဒင်းအသင်းမှာ လိဂ်ချန်ပီယံရှစ်၌ ရုန်းကန်နေရပြီး နံပါတ်(၂၃)နေရာတွင် ရပ်တည်လျက်ရှိသည်။
မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာသည် ဒဏ်ရာကြောင့် ယနေ့ကစားမည့် FA ဖလားပွဲကို လွဲချော်ဖွယ်ရှိနေပြီး လူကာကူနှင့် ဆန်းချက်ဇ် ပွဲထွက်ခွင့်ရမည်ဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောကြားသည်။
ဆိုးလ်ရှားကိုင်တွယ်ပြီးနောက် ခြေစွမ်းပြကစားနေသည့် ပေါ့ဘာသည် နယူးကာဆယ်နှင့်ပွဲ၌ ပြိုင်ဘက်ကွင်းလယ်လူ ရှယ်လ်ဗေးနှင့်ထိခိုက်ရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ် သည်။
သို့ဖြစ်ရာ ဇန်နဝါရီ ၄ ရက်ကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုးလ်ရှားက ''ပေါလ် (ပေါ့ဘာ) က အသင့်ဖြစ်နေပါ့မလား ဆိုတာ မသေချာပါဘူး။ သူက နယူးကာဆယ် နဲ့ပွဲမှာ ထိခိုက်မိခဲ့တာပါ။ လူကာကူနဲ့ ဆန်းချက်ဇ်ကတော့ ပွဲထွက်ကစားခွင့်ရမှာပါ။ သူတို့နှစ်ယောက်စလုံးက ပွဲများများကစားဖို့ လို အပ်နေပါတယ်''ဟု ပြောကြားသည်။
နောက်ခံလူများဖြစ်သည့် ရိုဟို၊ စမောလင်းတို့မှာလည်း ဒဏ်ရာများကြောင့် ယခုပွဲကို ဆက်လက်လွဲချော်မည်ဖြစ်သည်။
မန်ယူအသင်းရင်ဆိုင်ရမည့် ရက်ဒင်းအသင်းမှာ လိဂ်ချန်ပီယံရှစ်၌ ရုန်းကန်နေရပြီး နံပါတ်(၂၃)နေရာတွင် ရပ်တည်လျက်ရှိသည်။
ထို့ပြင် FA ဖလားပွဲအပြီး ဒူဘိုင်းသို့သွားရောက်မည့်ခရီးစဉ်မှာ အားလပ်ရက်မဟုတ်ကြောင်း ဆိုးလ်ရှားက သတိပေးပြောကြားသည်။
မန်ယူအသင်း၏ဒူဘိုင်းခရီးစဉ်မှာ လေ့ကျင့်ရေးအစီအစဉ်ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
