ရန်ကုန်ယူနိုက်တက်အသင်းသည် အဓိကဂိုးသမားဖြစ်သည့် ကျော်ဇင်ထက်၏ ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်တော့မည်မဟုတ်ကြောင်း သိရသည်။
ရန်ကုန်အသင်းသည် ပွဲပယ်ခံထားရသည့် ကစားသမားနှစ်ဦးအနက် ဂိုးသမား ကျော်ဇင်ထက်၏ ပွဲပယ်ပြစ်ဒဏ်ကို ဆူဇူကီးဖလားပြိုင်ပွဲအပြီးတွင် အယူခံဝင်ရန် စီစဉ် ထားသော်လည်း မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်မှုမရသောကြောင့် အယူခံမဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကျော်ဇင်ထက်သည် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲများတွင် လက်စွမ်းပြကစားနိုင်သော်လည်း မြန်မာ့လက်ရွေးစင်အသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်သည် စက်တင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဟံသာဝတီအသင်း အား ပယ်နယ်တီပေးရခြင်းနှင့်ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး ဒိုင်လူကြီးကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ရာ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ၁၂ ပွဲပယ်နှင့် ဒဏ်ကြေးငွေများ ချမှတ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ယင်းကစားသမားနှစ်ဦး၏ ပွဲပယ် ပြစ်ဒဏ်မှာ ဇန်နဝါရီ ၆ ရက် ကျင်းပမည့် ၂၀၁၉ ချာရတီဖလားပြိုင်ပွဲတွင် စတင်အကျုံး ဝင်မည်ဖြစ်သည်။
ကျော်ဇင်ထက်သည် MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ ပွဲအားလုံးနီးပါး လွဲချော်မည်ဖြစ်ရာ လူငယ်ဂိုးသမား ဆန်းဆက်နိုင် ပွဲထွက်ခွင့်ရဖွယ်ရှိနေသည်။
ကျော်ဇင်ထက်သည် ရန်ကုန်အသင်း ၏ အာရှအဆင့်ပြိုင်ပွဲများတွင်မူ ပါဝင်ကစား ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
