ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေသည့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက လီဗာပူးလ်အသင်းကို အနိုင်ရပြီးနောက် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် ပိုအလေးသာသွားပြီဟု သုံးသပ်ပြောကြားခဲ့သည်။
ကြာသပတေးနေ့က ကစားခဲ့သည့်ပွဲစဉ်တွင် မန်စီးတီးအသင်းသည် အိမ်ကွင်း၌ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် အမှတ်ပေးဇယားရပ်တည်မှုတွင် လီဗာပူးလ်အသင်းက ရမှတ် (၅၄)မှတ်ဖြင့် ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်း (၅၀ မှတ်)ကို (၄)မှတ်အထိ ဖြတ်ထားနိုင်သေးသည်။
ကာရေဂါက "ရာသီအစတုန်းက ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းက အကောင်းဆုံးဆိုပြီး ကျွန်တော်တို့ ပြောခဲ့ကြတယ်။ အခုအချိန်မှာတော့ လီဗာပူးလ်နဲ့ မန်စီးတီးတို့က (၄)မှတ်ကွာနေပါသေးတယ်။ ဒီတော့ ချန်ပီယံဆုအတွက် အခွင့်အလမ်းက နှစ်သင်းစလုံး ၅၀-၅၀ လို့ ပြောနိုင်တယ်။ ဒါမှမဟုတ် မန်စီးတီးအသင်းက ချန်ပီယံဆုအတွက် အနည်းငယ် အလေးသာသွားပြီလည်း ပြောနိုင်တယ်။ မန်စီးတီးအသင်းက အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ပရီးမီးယားချန်ပီယံဆုကို မန်စီးတီးအသင်းပဲ ရမယ်လို့ ထင်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ပေမယ့် မန်စီးတီးအသင်းက ပိုကောင်းနေပါတယ်။ ဂွါဒီယိုလာ မန်စီးတီးကို စရောက်တုန်းက သူဟာ အင်္ဂလန်ကို လွှမ်းမိုးဖို့လာတာလို့ မီဒီယာတွေ ဖော်ပြခဲ့ကြတယ်။ ဒါကို ကျွန်တော် သဘောတူပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းမှာ နောက် (၄)နှစ်၊ (၅)နှစ်လောက်ရှိနေဦးမယ်ဆိုရင် သူအောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလားရတာ၊ မရတာနဲ့ပဲ တိုင်းတာကြပါလိမ့်မယ်။ မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့က အဓိကဖြစ်ပြီး အဲဒီအတွက် သူတို့ကြိုးစားရပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။
Sky Sports ရုပ်သံတွင် ကာရေဂါနှင့်အတူ ဘောလုံးဝေဖန်သုံးသပ်သူလုပ်ကိုင်နေသည့် လီဗာပူးလ်နည်းပြဟောင်း ဆောင်းနက်စ်ကမူ ကာရေဂါ၏ ပြောဆိုမှုကို သဘောမတူဘဲ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် (၄)မှတ်ဖြတ်ထားသည့် လီဗာပူးလ်အသင်းကသာ ပိုမိုအလေးသာနေသေးကြောင်း ပြောကြားခဲ့သည်။
ဆောင်းနက်စ်က "ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းဟာ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေတုန်းပဲလို့ ကျွန်တော် ထင်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပထမဆုံးအပတ်မှာ ကစားခဲ့တဲ့ ပထမဆုံးပွဲစဉ်ကို သူတို့ရှုံးခဲ့တယ်။ ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အတွက် ပထမဆုံးရှုံးပွဲလည်း ဖြစ်တယ်။ ဒုတိယရာသီဝက်မှာ ဘယ်အသင်းအကောင်းဆုံးလဲဆိုတာကို ကျွန်တော် သိပါတယ်။ လီဗာပူးလ်အသင်းဟာ အရှိန်ရနေပြီး အဲဒီအရှိန်ကို ဆက်ထိန်းပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
