မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်းအား အနိုင်ရပြီးနောက် အသင်းကစားသမားအတွက် အလွန်ဂုဏ်ယူကြောင်း ချီးကျူးစကားပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဇန်နဝါရီလ (၃)ရက်က အိမ်ကွင်း အီတီဟတ်တွင် လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုတွင် အမှတ်ကွာဟမှုကို (၄)မှတ်သို့ လျှော့ချနိုင်ခဲ့သည်။
ဂွါဒီယိုလာက "ကစားသမားတွေအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒီနေ့မှ မဟုတ်ပါဘူး။ သူတို့အတွက် အမြဲ ကျွန်တော်ဂုဏ်ယူခဲ့ရတယ်။ (၄)ရက်အတွင်းမှာ ကျွန်တော်တို့အသင်း (၂)ပွဲဆက်တိုက် ရှုံးခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၁၆)လအတွင်း ကျွန်တော့်ကစားသမားတွေ စွမ်းဆောင်ခဲ့တာကိုလည်း မမေ့ကြပါနဲ့ဦး။ ဒီနေ့ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲစဉ်က ကျွန်တော်တို့အတွက် ဗိုလ်လုပွဲလိုပါပဲ။ ကျွန်တော်တို့အသင်းသာ ရှုံးခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲက ပြီးဆုံးသလောက်ဖြစ်သွားပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒီပွဲရလဒ်အတွက် ကစားသမားတွေကို ကျွန်တော် ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့ပွဲမှာ စွမ်းဆောင်ခဲ့သလိုမျိုး ချန်ပီယံလိဂ်မှာလည်း စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး တစ်သင်းအမှားကို တစ်သင်းရှာဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့မှာ ဖိအားတွေရှိပေမယ့် ကျွန်တော်တို့ မကြောက်ပါဘူး။ လီဗာပူးလ်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းဖြစ်ပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ (၄)မှတ်ကွာဟနေသေးတယ်။ ဒါပေမဲ့ အမှတ်ကွာဟမှုကို ကျွန်တော်တို့ လျှော့ချနိုင်ခဲ့တယ်။ ဒီပွဲမှာ အနိုင်ရမှ ချန်ပီယံဆုအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်မယ်ဆိုတာရော၊ ရှုံးသွားရင် ချန်ပီယံလုပွဲက ပြီးသွားပြီးဆိုတာရော ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်"ဟု ပွဲအပြီးတွင် BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ရမှတ် (၅၀)ဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေပြီး အဆင့် (၃)နေရာမှ စပါးအသင်းကို (၂)မှတ်နှင့် အဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်းကို (၆)မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။
သို့သော် ဂွါဒီယိုလာက ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ လွန်စွာခက်ခဲကြောင်းလည်း ဝန်ခံသွားခဲ့သည်။
ဂွါဒီယိုလာက "အမှတ်ပေးပြိုင်ပွဲက ဒီလောက်အထိခက်ခဲတယ်ဆိုတာ ကျွန်တော် သတိမရတော့ပါဘူး။ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အပြိုင်လုမယ့်အသင်းတွေက အများကြီးပါပဲ။ ပြီးတော့ တစ်သင်းနဲ့ တစ်သင်းက အမှတ်သိပ်မကွာဘဲ ကပ်နေကြတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကတော့ ဗိုလ်လုပွဲတွေပါပဲ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
