မန်ယူအသင်း ယာယီနည်းပြဆိုးလ်ရှားက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ်ယူနိုင်မည်ဟု မျှော်လင့်မထားကြောင်း ပြောကြားခဲ့သည်။
ဆိုးလ်ရှားက ယခုနွေရာသီအပြောင်းအရွှေ့ကိစ္စများအတွက် အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်နှင့် တွေ့ဆုံမည်ဟု ဇန်နဝါရီလ (၄) ရက်နေ့က ပြောကြားခဲ့သည်။
သတင်းထောက်များက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းကို ကစားသမားသစ်များ ရောက်လာမည်လားဟု မေးမြန်းခဲ့ရာ ဆိုးလ်ရှားက " ကစားသမားသစ်တွေ ရောက်လာမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ တကယ်လို့ အသင်းကလည်း ပစ်မှတ်ထားတယ်။ ကစားသမားကလည်း အသင်းနဲ့ ကိုက်ညီမယ်ဆိုရင် ကျွန်တော့်အနေနဲ့ အိုကေတယ်ဆိုပြီး ပြောမှာပါ။ ဒါပေမဲ့ ကစားသမားသစ် ခေါ်ယူတာက ကျွန်တော်ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ လက်ရှိ လူစာရင်းနဲ့လည်း ကျွန်တော်ကျေနပ်ပါတယ်" ဟုပြောကြားခဲ့သည်။
သို့သော် ဆိုးလ်ရှားက မန်ယူအသင်းတွင် ကင်းထောက်ကောင်းများကို ပိုင်ဆိုင်ထားပြီး ၄င်းတို့အနေဖြင့် မန်ယူအသင်းကို ခိုင်မာအောင် တည်ဆောက်ရေးအတွက် ပစ်မှတ်ထားနေသည့် ကစားသမားများရှိလိမ့်မည်ဟု ယူဆကြောင်းလည်း ပြောကြားခဲ့သည်။
မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိကိုင်တွယ်ခွင့်ရခဲ့သော ဆိုးလ်ရှားသည် စတင်ကိုင်တွယ်ကတည်းက ကစားခဲ့သည့် ပြိုင်ပွဲစုံ (၅) ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိထားပြီး အမြဲတမ်းနည်းပြ ဖြစ်လာရန်အတွက် ကစားသမားများနှင့် ပရိသတ်များ၏ ထောက်ခံမှုကို အပြည့်အဝရရှိနေသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
