■ မန်ယူ ၂-၀ ရက်ဒင်း
FA ဖလားတတိယအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ ရက်ဒင်းအသင်းတို့ပွဲစဉ်မှာတော့ မန်ယူအသင်းက (၂-၀) ဂိုးနဲ့အနိုင်ယူပြီး စတုတ္ထအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားလက်ထက်မှာ ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ မန်ယူအသင်း ဒီနေ့ပွဲမှာလည်း ရလဒ်ကောင်းဖို့အတွက် ကြိုးစားခဲ့ပြီး ဆန်းချက်ဇ်၊ မာတာ၊ လူကာကူတို့ရဲ့စုဖွဲ့မှုက ပြိုင်ဘက်ရက်ဒင်းကို အသာစီးကစားနိုင်ခဲ့တာပါ။
လိဂ်ချန်ပီယံရှစ်ကလပ်ရက်ဒင်းအသင်းကလည်း အဝေးကွင်းမှာ သရေဖို့အတွက် ခံစစ်ကိုအထိကထားပြင်ဆင်လာခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာတော့ ထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့ပါဘူး။
ပွဲစကတည်းက မန်ယူအသင်း ဖိဖိစီးစီးကစားခဲ့ပြီး အဖွင့်ဂိုးကိုတော့ ပွဲချိန် (၂၂) မိနစ်မှာ မာတာက သူ့ကြောင့်ရတဲ့ပယ်နယ်တီကနေ ကိုယ်တိုင်ကန်သွင်းယူသွားခဲ့တာပါ။ ဒီပယ်နယ်တီကို VAR စနစ်နဲ့ ပြန်ဆုံးဖြတ်ပြီးမှ ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။
ဂိုးရပြီးချိန်မှာ မန်ယူအသင်းပဲဆက်လက်ဖိအားပေးခဲ့ပေမယ့် ရက်ဒင်းအသင်းကလည်း မာမာထန်ထန်နဲ့ တုံ့ပြန်ခဲ့တာကြောင့် မန်ယူတို့ စိတ်ကြိုက်စိုးမိုးခွင့်တော့မရခဲ့ပါဘူး။
ဒါပေမဲ့ ပထမပိုင်းပြီးလို့ ထပ်ဆောင်းအချိန်ပိုမှာ ဆန်းချက်ဇ်ရဲ့ပေးပို့မှုကို လူကာကူက ရက်ဒင်းအသင်းရဲ့လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ လိမ်ခေါက်ပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ လူကာကူအတွက် FA ဖလား နောက်ဆုံး (၁၄) ပွဲမှာ (၁၃) ဂိုးမြောက်သွင်းယူခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ အနိုင်ဂိုး (၂) ဂိုးရရှိထားတဲ့ မန်ယူအသင်း ကစားအားချကစားခဲ့လို့ ရက်ဒင်းအသင်းအခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် ဂိုးရဖို့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
မန်ယူအသင်းကလည်း လူငယ်ကစားသမားတွေထည့်သွင်းပြီး ပွဲကိုထိန်းကစားနေလို့ နောက်ထပ်ဂိုးတွေကို မမြင်ခဲ့ရတာပါ။
ပွဲအပြီးမှာတော့ မန်ယူအသင်းက ပထမပိုင်းသွင်းဂိုး (၂) ဂိုးနဲ့ အနိုင်ယူပြီး ယာယီနည်းပြဆိုးလ်ရှားလက်ထက် ပြိုင်ပွဲစုံအဖွင့် (၅) ပွဲဆက်နိုင်ပွဲဆက်မှုနဲ့အတူ တာထွက်ကောင်းနေဆဲလို့ပဲဆိုရမှာပါ။
■ FA ဖလားတတိယအဆင့်ပွဲစဉ်များ ရလဒ်
ရှက်ဖီးဝင်းစ်ဒေး ၀-၀ လူတန်
မန်ယူ ၂-၀ ရက်ဒင်း
ဝက်စ်ဘရွန်း ၁-၀ ဝီဂန်
ရှရူးဘူရီ ၁-၁ စတုတ်စီးတီး
ဘုန်းမောက် ၁-၃ ဘရိုက်တန်
ဝက်စ်ဟမ်း ၂-၀ ဘာမင်ဂမ်
ဘန်လေ ၁-၀ ဘန်စလေ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
