အေစီမီလန်တိုက်စစ်ကစားသမား လီယာအိုက ဆလိုဗန်အသင်းအား အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် ၎င်းအနေဖြင့် အရန်ခုံတွင်ထိုင်ရသည်ကို မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် နိုဝင်ဘာ (၂၆)ရက် က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဆလိုဗန် အသင်းအား (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အေစီမီလန်နည်းပြ ဖွန်ဆီကာသည် အဆိုပါပွဲစဉ်တွင် လီယာအိုအား ပွဲထွက်အဖြစ် အသုံးပြုခြင်းမရှိဘဲ ဒုတိယပိုင်း အစတွင်မှာ အိုကာဖော်အစား လူစားဝင်ကစားစေခဲ့သည်။
လီယာအိုသည် လူစားဝင်ပြီးနောက် ပွဲချိန် (၆၈)မိနစ်တွင် အေစီမီလန်အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ ယင်းပွဲအပြီးတွင် လီယာအိုက မိမိနှင့် အသင်းနည်းပြ ဖွန်ဆီကာတို့ကြား ပြဿနာမရှိကြောင်းနှင့် မိမိအနေဖြင့် အရန်ခုံထိုင်ရသည်ကို မနှစ်သက် ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လီယာအိုက "ဖွန်ဆီကာနဲ့ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ အရန်ခုံမှာထိုင်ရတာကို မနှစ်သက်ဘူးဆိုတာ ဖွန်ဆီကာလည်း သိပါတယ်။ ဒါပေမဲ့ သူက နည်းပြဖြစ်ပြီး သူ့အနေနဲ့ ကျွန်တော့်ကို အရန်ခုံထိုင်ခိုင်းမယ်ဆိုရင်လည်း ကျွန်တော့်အနေနဲ့ ဝင်ကစားခွင့်ရတဲ့အချိန်မှာ အသင်းကိုကူညီပေးဖို့ အသင့်ပါပဲ။ အသင်းရလဒ်ကောင်းဖို့က အဓိကပါပဲ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
