မန်ယူအသင်းသည် နာပိုလီ တောင်ပံတိုက်စစ်ကစားသမား ခွာရတ်စကယ်လီယာအား တစ်နှစ် လစာ ယူရို (၈) သန်း+ဆုကြေးဖြင့် ကမ်းလှမ်းခဲ့ကြောင်း Sportmediaset က ဖော်ပြခဲ့သည်။
အသက် (၂၃) နှစ်အရွယ် ဂျော်ဂျီယာလက်ရွေးစင်တောင်ပံတိုက်စစ် ကစားသမား ခွာရတ်စကယ်လီယာ သည် နာပိုလီအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး တစ်နှစ်လစာ ယူရို (၁.၅)သန်းသာ ရရှိနေသူဖြစ်သည်။ နာပိုလီအသင်းသည် ခွာရတ်စကယ်လီယာအား လစာတိုးပေးကာ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။
နာပိုလီ အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်သည် ခွာရတ်စကယ်လီယာအား စာချုပ် သစ်ချုပ်ဆိုလိုနေသော်လည်း တစ်နှစ်လစာ ယူရို (၆) သန်းထက် ပိုပေးရန် ဆန္ဒမရှိကြောင်း သိရသည်။ ထို့ကြောင့် နာပိုလီအသင်းနှင့် ခွာရတ်စကယ်လီယာတို့၏ စာချုပ်သစ်ဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေပြီး ကြန့်ကြာနေကြောင်း သိရှိရသည်။
ယင်းအနေအထားတွင် မန်ယူ အသင်းက ခွာရတ်စကယ်လီယာအား တစ်နှစ်လစာ ယူရို (၈)သန်းအပြင် အလွယ်တကူရရှိနိုင်သည့် ဆုကြေး များဖြင့် ကမ်းလှမ်းခဲ့ကြောင်း Sportmediaset က ဖော်ပြခဲ့သည်။ နာပိုလီအသင်းသည် ခွာရတ်စကယ်လီယာအား စာချုပ်သစ်မချုပ်ဆိုနိုင်ပါက ၂၀၂၅ နွေတွင် ယူရိုသန်း (၁၀၀)ဖြင့် ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရသည်။
ခွာရတ်စကယ်လီယာကို မန်ယူအသင်းအပြင် ဘာစီလိုနာနှင့် PSG တို့ကလည်း ခေါ်ယူလိုနေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
