မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဖီယင်နုအသင်းအား (၃-၀)ဂိုးဖြင့် ဦးဆောင်ပြီးမှ ပွဲအပြီးတွင် အနိုင်မရခဲ့ခြင်းအတွက် အသင်းပရိသတ်များ၏ လှောင်ပြောင်ခံရခြင်းမှာ ထိုက်တန်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အိမ်ကွင်း၌ ဖီယင်နုအသင်းကို ပွဲချိန် (၇၅) မိနစ်အထိ (၃-၀) ဂိုးဖြင့် ဦးဆောင်နေပြီးမှ ဂိုးများဆက်တိုက်ပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် (၃-၃) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် အဆိုပါပွဲစဉ်တွင် အနိုင်မရခဲ့ခြင်းကြောင့် ပြိုင်ပွဲစုံ (၆) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဂွါဒီယိုလာလက်ထက်တွင် ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် အနိုင်ရလဒ်ကို ထိန်းထားနိုင်ခြင်းမရှိသည့် မန်စီးတီးအသင်းကို အသင်းပရိသတ်များက လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယင်းအတွက် ဂွါဒီယိုလာက မိမိတို့အနေဖြင့် အသင်းပရိသတ်များ၏လှောင်ပြောင်ခံရသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "လူတွေကို ဒီကိုလာတာက အတိတ်ကအောင်မြင်မှုတွေကို သတိရဖို့ မဟုတ်ပါဘူး။ သူတို့ ဒီကိုလာတာ အသင်းရဲ့နိုင်ပွဲနဲ့ စွမ်းဆောင်မှုတွေကို ကြည့်ဖို့ပါ။ ကျွန်တော်တို့ အဲဒါကို လုပ်ပြနိုင်ဖို့ လိုပါတယ်။ သူတို့ဟာ ကျွန်တော်တို့ကို ဘယ်အချိန်မဆို အားပေးသူတွေဖြစ်ပြီး သူတို့ရဲ့ခံစားချက်တွေကို ထုတ်ပြခွင့် ရှိပါတယ်။ ဒါက အမှန်တရားပါပဲ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
