အစ္စရေးနှင့် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့အကြား လူပေါင်းထောင်ချီသေဆုံးစေခဲ့သည့် တိုက်ခိုက်မှုများ တစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲလိုက်ပြီဖြစ်သည်။
ထိုအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီမှ စတင်အကျုံးဝင်သက်ရောက်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးနှင့်လက်ဘနွန်ရှိ သန်းနှင့်ချီသည့် ပြည်သူများကို နေအိမ်များမှ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်စေခဲ့ရသည့် စစ်ပွဲသည် ရပ်တန့်သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့်စစ်ဘေးရှောင်ခဲ့ရသည့် နှစ်နိုင်ငံမှ ပြည်သူများသည်လည်း ၎င်းတို့၏ နေအိမ်များကို ပြန်ခွင့်ရသွားခဲ့ပြီဖြစ်သည်။
အစ္စရေးစစ်တပ်ကမူ အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ပြီးနောက်ပိုင်း မကြာမီအချိန်အတွင်းမှာပင် လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် နေထိုင်သည့် ဒေသခံများကို အစ္စရေးတပ်ဖွဲ့များ တပ်စွဲထားသည့်နေရာများနှင့် ကျေးရွာများအနီးသို့ ချဉ်းကပ်ခြင်းမပြုရန် သတိပေးထားသည်။
"အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်လာမှုနဲ့အတူ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်တွေအပေါ် မူတည်ပြီး အစ္စရေးစစ်တပ်ဟာ လက်ဘနွန် တောင်ပိုင်းက တပ်စွဲထားတဲ့နေရာတွေမှာ ဆက်လက်တပ်စွဲထားပါမယ်" ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ အဗီချေး အက်ဒ်ရာအီးက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားပြီးနောက် ဟားမာ့စ်၏ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့သည် ဟားမာ့စ်ကို ထောက်ခံသည့်အနေဖြင့် အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အချိန်မှစပြီး တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ဂါဇာတွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် ဟားမာ့စ်အဖွဲ့ကလည်း ၎င်းတို့အနေဖြင့် အစ္စရေးနှင့်အပစ်အခတ်ရပ်စဲရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်။
■ Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
