မွန်ပြည်နယ် ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းမပေါ်ရှိ ချဉ်းကပ်လမ်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကိုးမိုင်တံတားပေါ်မှ ယနေ့နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းမှစတင်ကာ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်မှန်လုံယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ၂၂ ရက်နေ့နံနက်အစောပိုင်းအချိန်က အဆိုပါ ကိုးမိုင်တံတား ရေးမြို့ဘက် ချဉ်းကပ်လမ်းမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် တံတားချဉ်းကပ်လမ်းပေါက်သွားသည့်အပြင် တံတားယက်မတန်းများနှင့် တံတားယက်မချုပ်တန်းများတွင် အက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “တံတားကြံ့ခိုင်မှုအခြေအနေရ အိမ်စီးကားလေးတွေလောက်ဘဲ သွားလာခွင့်ပြုထားတယ်။ ကုန်တင်ယာဉ်ကြီးတွေ၊ မှန်လုံယာဉ်တွေ သွားလာနိုင်ဖို့အတွက်ကို ယာယီဘေလီတံတားထိုးမှဖြစ်မယ့်အခြေအနေဖြစ်နေလို့ ယာယီဘေလီတံတားထိုးပြီးမှ ကုန်တင်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာခွင့်ပြုခဲ့တာလို့ သိရပါတယ်” ဟု ပြောကြားသည်။
နိုဝင်ဘာ ၂၆ ရက်က ယာယီဘေလီတံတားထိုးသည့် လုပ်ငန်းပြီးစီးသွားသည့်အတွက်ကြောင့် ညနေပိုင်းအချိန်တွင် ခရီးသည်တင်မှန်လုံယာဉ်များအား ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်းနှင့် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ကုန်တင်ယာဉ်ကြိးများကိုပါ ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီးဟု သိရကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ ကိုးမိုင်တံတားဘက်မှ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရကြောင်း၊ ပေါက်ကွဲမှုအရှိန်ကြောင့် ကိုးမိုင်တံတားအနီးဝန်းကျင်ရှိ နေအိမ်တချို့ရှိ မှန်ပြတင်းပေါက်များ အက်ကွဲပျက်ဆီးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် တံတားကြံ့ခိုင်မှုအခြေအရေ ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများဖြတ်သန်းသွားလာ၍ မရဖြစ်နေသေည့်အတွက်ကြောင့် ရေးမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ဘက်ခြမ်းများတွင် ကုန်တင်ယာဉ်အများအပြား ပိတ်မိနေခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ကိုးမိုင်တံတားချဉ်းကပ်လမ်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို မသိရသေးပေ။ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီးရှိ ကိုးမိုင်တံတားမှာ ထားဝယ် - ရေး ကားလမ် မိုင်တိုင်အမှတ် (၁၀၇/၁) နှင့် (၁၀၇/၂) ကြားတွင် တည်ရှိသော တံတားအမှတ် (၁/၁၀၈) ဖြစ်ကြေင်း၊ အလျား (၁၈၀) ပေ၊ အကျယ် (၃၄) ပေရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း၊ ယင်းတံတားအား (၂၀၀၂) ခုနှစ် ဇွန် ၁ ရက်က စတင်တည်ဆောက်ခဲ့ပြီး၊၂၀၀၃ ခုနှစ် မေ ၃၁ ရက်တွင် တံတားအားတည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
■Photo Credit - CJ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
