လာဇီယို နှင့် လူဒိုဂိုရတ်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
လာဇီယိုအသင်းက မထင်မှတ်ဘဲ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ယူရိုပါလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့တယ်။ နည်းပြသစ် ဘာရိုနီနဲ့ လာဇီယိုအသင်း အခုရာသီမှာ လမိုင်းကပ်နေမှုက အံ့အားသင့်စရာကောင်းလောက်တယ်။ ၀ါရင့် ကစားသမား ပတ်ဒရိုထံကလည်း သွင်းဂိုးတွေ ခပ်စိပ်စိပ်တွေ့ နေရတယ်။ လာဇီယိုရဲ့အဓိကအပြောင်းအလဲက ကက်စတယ်လာနို့စ်၊ ဒီယာတို့ရောက်လာတဲ့ တိုက်စစ်ပိုင်းပဲဖြစ်ပြီး အသင်းအတွက် အဓိကမောင်းနှင်အားဖြစ်နေတယ်။ လူဒိုဂိုရတ်စ်ကတော့ ရောမမြေမှာ လာဇီယိုကို ဒုက္ခမပေးနိုင်လောက်ပါဘူး။ လာဇီယိုပဲ ကြိုက်တယ်။
အန်ဒါလက်ချ် နှင့် ပေါ်တို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ပေါ်တိုအသင်းက (၄)ပွဲကစားအပြီးမှ နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ရမယ့်အခြေအနေ ရောက်သွားခဲ့တယ်။ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာလည်း လက်ရှိရပ်တည်နေတဲ့ ဒုတိယနေရာတောင် အနည်းငယ်လှုပ်ခတ်လာတယ်။ (၄)ပွဲကစားခဲ့ရာမှာ (၁၀)မှတ်ရထားတဲ့ အန်ဒါလက်ချ်ရဲ့စွမ်းဆောင်ရည်ကတော့ အသိအမှတ်ပြုရမယ်။ ပေါ်တိုအသင်းရဲ့အဝေးကွင်းခြေစွမ်းကလည်း ပြိုင်ဘက်ကောင်းရင် မစွံပါဘူး။ အန်ဒါလက်ချ် အမှတ်ရလိမ့်မယ်။
ဘီလ်ဘာအို နှင့် အဲလ်ဖ်ဘော့ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ရလဒ်တွေကောင်းနေတဲ့ ဘီလ်ဘာအိုအသင်း ဂိုးပြတ်လိိမ့်မယ်။
မန်ယူ နှင့် ဘိုဒယ်ဂလင့် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
မန်ယူအသင်းကတော့ နည်းပြသစ် အာမိုရင်မ်ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်က အစ်ဝစ်ချ်အသင်းနဲ့ တစ်ဂိုးစီ သရေကျသွားခဲ့တယ်။ အာမိုရင်မ်ကိုင်တွယ်တဲ့ အချိန်တိုအတွင်းမှာ အသင်းက သိသိသာသာ ပြောင်းလဲသွားတာမျိုးလည်း မတွေ့ ရဘူး။ အခုပွဲက အာမိုရင်မ်အတွက် အိုးလ်ထရက်ဖို့ဒ် ပွဲဦးထွက်လည်း ဖြစ်နေလို့ ပိုပြီးအာရုံစိုက်ရတော့မယ့် အခြေအနေပါပဲ။ ဘိုဒယ်ဂလင့်အသင်း အခုရာသီ ယူရိုပါလိဂ်ရလဒ်ပိုင်း သိပ်မဆိုးပါဘူး။ ဒါပေမဲ့ အသင်းက ပြီးခဲ့တဲ့နှစ်တွေလောက် မာကျောမှုမရှိတော့တာ ထည့်တွက်ရမယ်။ မန်ယူအသင်းပဲ ရွေးချယ်ချင်တယ်။
စပါး နှင့် ရိုးမား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ပွဲစဉ်-၄ မှာ စပါးအသင်း ဂါလာတာစာရေးကို အရေးနိမ့်ကာ ရှုံးပွဲစတွေ့ခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့်(၇)နေရာအထိ ရောက်သွားခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးလိုအသင်းမျိုးကို အီတီဟတ်မှာ လေးဂိုးပြတ်အနိုင်ယူခဲ့တာက စပါးအသင်းစိတ်ဓာတ်ပိုင်းကို အမြင့်ဆုံးရောက်ရှိစေနိုင်လောက်တယ်။ နည်းပြ ပိုစတီကိုဂလူးအဖို့ ထိုင်ခုံလှုပ်နေချိန်မှာ ဒီနိုင်ပွဲက သူ့အတွက်လည်း ယုံကြည်မှု ပြန်ရှိစေနိုင်တယ်။ ရိုးမားကတော့ ရာနီရေးရီလက်ထက် ရလဒ်ပိုင်းတွေကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး စီးရီးအေပွဲကျပ်တွေကြားမှာ ကစားရလို့ အာရုံစူးစိုက်မှု လျော့နည်းနိုင်တယ်။ စပါးအသင်းပဲ နိုင်ဖို့များတယ်။
ဆိုစီဒက် နှင့် အေဂျက်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဆိုစီဒက်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ မျှော်လင့်ထားသလောက် ရလဒ်မကောင်းသေးဘဲ ရုန်းကန်နေရတယ်။ လက်ရှိအခြေအနေအရ ဆိုစီဒက်အသင်း ယူရိုပါလိဂ်ပြိုင်ပွဲကို ဖိဖိစီးစီးကစားပါ့မလားဆိုတာ မှန်းဆလို့ မရနိုင်ဘူး။ ပုံမှန်အားဖြင့်တော့ ဆိုစီဒက်အသင်းက ယူရိုပါလိဂ်လို ပြိုင်ပွဲတွေထက် လာလီဂါမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးသာ ပိုအားထုတ်ကြိုးပမ်းလေ့ရှိတယ်။ အေဂျက်စ်အသင်းကတော့ Rhythm အတော်လေးကောင်းနေတယ်။ အမှတ်ပေးဇယားမှာလည်း ဒုတိယနေရာအထိ တက်လှမ်းလာတာ တွေ့ရတယ်။ အေဂျက်စ် အမှတ်ရလိမ့်မယ်။
အခြားပွဲစဉ်များ
အယ်လ်ခမာ - ဂါလာတာစာရေး*
ဘက်ဆစ်တက် - မက္ကာဘီတဲလ်အဗစ်*
ဒိုင်နမိုကိဗ် - ပယ်လ်ဇန်*
*ကာရာဘတ် - လိုင်ယွန်
ရီဂတ်စ် - PAOK*
*မစ်ဂျီလန်း - ဖရန့်ဖတ်
FC တွမ်တီး - ဆန်လွိုက်ဆီ*
*စတူအာဘူခါရက် - အိုလံပီယာကော့စ်
ဖယ်ရန်ဗာရို့စ် - မာလ်မို*
နိုက်စ် - ရိန်းဂျားစ်*
ဆလားဗီးယားပရပ်ဂ် - ဖီနာဘာချီ*
*စပို့တင်းဘရာဂါ - ဟော်ဖန်ဟင်မ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
