Brexit ကြောင့် အင်္ဂလန်မှ ထွက်ခွာခဲ့ဟု မူဆီယာလာ ဝန်ခံ
24htopnews | November 28, 2024 5:12 PM CST
ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမနီလက်ရွေးစင်တိုက်စစ်ကစားသမား မူဆီယာလာက Brexit ကြောင့် အင်္ဂလန်မှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မူဆီယာလာ(၂၁ နှစ်)သည် ဂျာမနီတွင် မွေးဖွားခဲ့ကာ အသက် ခုနစ်နှစ်အထိ နေထိုင်ခဲ့ပြီး ယင်းနောက်တွင် သူ၏မိသားစုမှာ အင်္ဂလန်သို့ ပြောင်းရွှေ့ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ အသင်းအကယ်ဒမီတွင် တက်ရောက်ခဲ့သည်။
၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အကယ်ဒမီသို့ ပြန်ပြောင်းလာခဲ့ခြင်းဖြစ်သည်။
မူဆီယာလာ၏ ဖခင်ဖြစ်သူသည် နိုင်ဂျီးရီးယား-ဗြိတိန်နိုင်ငံသားဖြစ်ပြီး မိခင်ဖြစ်သူမှာ ပိုလန်နွယ်ဖွား ဂျာမနီနိုင်ငံသူတစ်ဦးလည်းဖြစ်သည်။
မူဆီယာလာသည် ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇၉)ပွဲကစားကာ (၅၂)ဂိုး သွင်းယူခဲ့ပြီး (၃၅)ဂိုး ဖန်တီးပေးခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
