စင်ကာပူနိုင်ငံတွင် အလုပ်ရှင်၏ ညွှန်ကြားချက်ဖြင့် ခွေးကိုရိုက်နှက်ကာ လသာဆောင်လက်ရန်းတွင် ချိတ်ဆွဲထားသော မြန်မာအိမ်အကူအမျိုးသမီးတစ်ဦး နိုဝင်ဘာ ၂၆ ရက်တွင် ထောင်ဒဏ်ကိုးလ ချမှတ်ခံခဲ့ရသည်။
အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား ဂျန်နီလယ်အောင်းပူအီအမည်ရှိ အမျိုးသသမီးသည် တိရစ္ဆာန်များနှင့် ညှင်းပန်းနှိပ်စက်မှုအက်ဥပဒေအောက်ရှိ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုစွဲချက်သုံးခုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ညှင်းပန်းနှိပ်စက်သည့် လုပ်ရပ်များသည် အသက် ၁၅ နှစ်အရွယ် Boyboy အမည်ရှိ အညိုရောင်ခွေးထီးလေး သေဆုံးသွားသည်အထိ ဖြစ်ခဲ့ကြောင်း National Parks Board (NParks) တိရစ္ဆာန်ဆေးကုသရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ်အစောပိုင်းက တိရစ္ဆာန်များအတွက် စေတနာ့အသံအဖွဲ့ ဥက္ကဌ ဒါးရစ်တန်၏ Facebook ပို့တစ်ခုတွင် ဂျန်နီက ခွေးကို ရိုက်နှက်နေသည့် ဗီဒီယိုရုပ်သံဖိုင်တစ်ခုကို တင်ထားခဲ့သည်။
ဂျန်နီသည် အိမ်ရှင်ဖြစ်သူ ဟန်းထံတွင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၁၆ ရက်ကတည်းက အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
စီအန်အေသတင်းဌာနက ဂျန်နီ၏အလုပ်ရှင်ကို တရားရေးအရ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိ NParks ကို မေးမြန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
