မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် အသိအမှတ်ပြုခြင်းမရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကတုံ့ပြန် ပြောကြားသည်။
၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာများဟု ဖော်ပြထား)အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် ကာရင်အေအေခန်(Karim A.A. Khan)က ICC တရားရုံးသို့ ယနေ့(နိုဝင်ဘာ ၂၇ ရက်)တွင် လျှောက်ထားမှုနှင့် ထပ်မံ၍လည်း ဝရမ်းများ လျှောက်ထားရန်ရှိသည်ဆိုသော ကိစ္စများနှင့်ပတ်သက်၍ VOA သတင်းဌာန၏ မေးမြန်းမှုပေါ် ပြန်လည်ဖြေကြားရာတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း တုံ့ပြန်ထားခြင်း ဖြစ်သည်။
" မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံး လျက်ရှိသည်" ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
ဘင်္ဂါလီများ(မူရင်းတွင် ရိုဟင်ဂျာများဟု ဖော်ပြထား)အပေါ် ကျူးလွန်သည့် ကိစ္စများတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၌ တာဝန်ရှိသည်ဆိုသော စွပ်စွဲချက်နှင့် ၎င်းအား ဖမ်းဝရမ်းထုတ်ပေးရန်အတွင် ICC တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)၏ ရှေ့နေချုပ် Karim Khan က ယနေ့ (နိုဝင်ဘာ ၂၇ ရက်)တွင် လျှောက်ထားခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြမှုများအရ သိရသည်။
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့များသည် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား)နှင့် အရပ်သားပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့အပြီးတွင် တာဝန်ရှိသူအဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန်အတွက် လျှောက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ICC ရှေ့နေချုပ်က ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။
ICC ရှေ့နေချုပ်၏ ကြေညာချက်တွင် ယနေ့ လျှောက်ထားသည့် ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားချက်သည် ကနဦးအဆင့်သာဖြစ်ပြီး ထပ်မံ၍လည်း တောင်းခံဖို့ရှိသည်ဟု ဖော်ပြထားကြောင်း သိရသည်။
ICC တရားရုံး၏ စံနှုန်းသတ်မှတ်ချက်များနှင့် ၎င်း၏ လျှောက်ထားချက်များသည် ကိုက်ညီမှု ရှိ၊ မရှိအား တရားသူကြီးများက ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်းနှင့် တရားသူကြီးများ သဘောတူသည်ဆိုပါက နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဥပဒေနှင့်အညီ ဖမ်းဆီးနိုင်ရေးအတွက် ၎င်း၏ရုံးအဖွဲ့က ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ICC ရှေ့နေချုပ်က ၎င်း၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
