ရီးယဲလ်အသင်းအား ၁၅ နှစ်ကြာ အနိုင်မရသည့်မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့သည့် လီဗာပူးလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အနိမ့်ဆုံး ၁၆ သင်းအဆင့် Play-offs ကစားခွင့်ရရန် သေချာသွားပြီဖြစ်ကြောင်း သိရသည်။
ချန်ပီယံလိဂ် ပွဲစဉ် (၅) ကို နိုဝင်ဘာ ၂၆၊ ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားရာ လီဗာပူးလ်အသင်းက လက်ရှိချန်ပီယံ ရီးယဲလ်အသင်းကို အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ငါးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်လျက်ရှိပြီး ပေးဂိုးလည်း တစ်ဂိုးသာ ခွင့်ပြုထားရသည်။
သို့ဖြစ်ရာ အေစီမီလန် (၁၉၉၂-၁၉၉၃)၊ ဂျူဗင်တပ်စ် (၂၀၀၄-၂၀၀၅)၊ အက်သလက်တီကို (၂၀၁၆ -၂၀၁၇) နှင့် PSG (၂၀၁၇-၂၀၁၈) တို့ပြီးလျှင် ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် ငါးသင်းမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် လီဗာပူးလ်အသင်းသည် ၂၀၀၉ ခုနှစ် မတ်လ နောက်ပိုင်း ရီးယဲလ်အသင်းအား ရှစ်ပွဲဆက် အနိုင်မရသည့် မှတ်တမ်းဆိုးကို ၁၅ နှစ်အကြာတွင် ရပ်တန့်နိုင်ခဲ့ပြီဖြစ်သည်။
လီဗာပူးလ်အသင်းသည် ငါးပွဲကစားအပြီးတွင် ၁၅ မှတ်ရရှိထားပြီး အဆင့် ၂၄ နေရာမှ ချန်ပီယံ ရီးယဲလ်အသင်း (ခြောက်မှတ်) ထက် ကိုးမှတ်အသာရရှိထားပြီဖြစ်သောကြောင့် အနိမ့်ဆုံး ၁၆ သင်းအဆင့် Play-offs ကစားခွင့်ရရန် သေချာသွားပြီဖြစ်သည်။
လီဗာပူးလ်အသင်း၏နောက်တွင် ပေးဂိုးလုံးဝ မရှိဘဲ ငါးပွဲစလုံး Clean Sheet ရထားသည့် အင်တာမီလန်အသင်းက ၁၃ မှတ်၊ ဘာစီလိုနာနှင့် ဒေါ့မွန်အသင်းက ၁၂ မှတ်၊ အတ္တလန်တာ အသင်းက ၁၁ မှတ်၊ လေဗာကူဆင်၊ အာဆင်နယ်၊ မိုနာကို၊ ဗီလာ၊ စပို့တင်းလစ္စဘွန်း၊ ဘရက်စ်နှင့် လိုင်လီအသင်းတို့က ၁၀ မှတ်စီ ရရှိထားသည်။
ဇယားထိပ်ဆုံးရှစ်သင်းမှာ ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရပြီး အဆင့် ၉ မှ ၂၄ အထိအသင်းများမှာ Play-offs ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
