ဂိုးသမား ဗီကာရီယို၏နေရာအတွက် အစားထိုးခေါ်ယူမည်မဟုတ်ဟု စပါးအသင်းနည်းပြ အတည်ပြု
24htopnews | November 28, 2024 7:12 PM CST
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူရမည့် ဂိုးသမား ဗီကာရီယို၏နေရာအတွက် အခြားဂိုးသမားတစ်ဦးကို အစားထိုးခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြောကြားသည်။
အီတလီလက်ရွေးစင် ဂိုးသမားဖြစ်သူ ဗီကာရီယို (၂၈ နှစ်) သည် နိုဝင်ဘာ ၂၃ ရက်က မန်စီးတီးအသင်းအား အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ယာဘက်ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် ပထမပိုင်းမှာပင် ပြိုင်ဘက်ကစားသမား ဆယ်ဗင်ညိုနှင့် ထိခိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်အထိ ဆက်လက်ကစားခဲ့သည်။
ဒဏ်ရာမှာ ခြေချင်းဝတ်အရိုးကျိုးသွားခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် လအတန်ကြာ အနားယူရဖွယ်ရှိသော်လည်း ဇန်နဝါရီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဂိုးသမားတစ်ဦးခေါ်ယူမည်မဟုတ်ဟု ပိုစတီကိုဂလူးက အတည်ပြုခဲ့ခြင်းဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
