ဝေဖန်ခံနေရသည့် ဘာပေကို ဘယ်လင်ဂမ် ကာကွယ်
24htopnews | November 28, 2024 7:12 PM CST
ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ထင်သလောက် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်ခံနေရသည့် ဘာပေအနေဖြင့် ပိုကောင်းလာမည်ဟု ကာကွယ်ပြောကြားခဲ့သည်။
နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ပြီးခဲ့သည့်နွေကမှ PSG အသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။
၎င်းသည် ယခုရာသီ လာလီဂါ (၁၂) ပွဲတွင် (၇) ဂိုးသွင်းထားသည်။
သို့သော် ထင်မှတ်သလောက်ခြေစွမ်းမပြနိုင်သလို၊ ရီးယဲလ်မှာလည်း ပြီးခဲ့သည့် ရာသီကလောက် ရလဒ် မကောင်းသည့်အတွက် ဘာပေမှာ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။
ဘယ်လင်ဂမ်ကမူ ''ဘာပေ အသင်းကို ရောက်လာတာ တကယ်ကောင်းပါတယ်။ သူ ဝေဖန်မှုတွေ အများကြီးခံနေရတယ်။ ဒါက မတရားဘူးလို့ ထင်ပါတယ်။ အသင်းအတွက် သူ စွမ်းဆောင်ပေးတာတွေ ကောင်းပါတယ်။ သူ ပိုကောင်းလာမှာပါ''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
