လီဗာပူးလ်ဂန္ထဝင် အီရန်ရပ်ရှ်က အသင်းဟောင်းအနေဖြင့် ဆာလာလို အရည်အချင်းရှိသည့်ကစားသမားမျိုးကို မဝယ်နိုင်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းဘက်က စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမရှိသေးကြောင်း ဖွင့်ထားသည်။
ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် လီဗာပူးလ်အသင်းအတွက် အဓိကခြေစွမ်းပြနေသူဖြစ်ပြီး ပရီးမီးယားလိဂ် (၁၂) ပွဲတွင် (၁၀) ဂိုးသွင်းကာ (၅) ဂိုး ဖန်တီးပေးထားသည်။
လီဗာပူးလ်ပရိသတ်များသည် ဆာလာအား လက်ရှိအချိန်ထိ စာချုပ်သစ်ကမ်းလှမ်းမှုမရှိသေးသည့် လီဗာပူးလ်အသင်းတာဝန်ရှိသူများကို ဒေါသထွက်နေကြပြီး ယခုအခါ အီရန်ရပ်ရှ်က ဆာလာကို လက်လွှတ်မည်ဆိုလျှင် ဆုံးရှုံးမှုကြီးမားနိုင်ကြောင်း လီဗာပူးလ်အသင်းကို သတိပေးခဲ့ခြင်း ဖြစ်သည်။
အီရန်ရပ်ရှ်က ''ဆာလာနဲ့ ကျွန်တော် စကားအများကြီး ပြောဖြစ်ပါတယ်။ လူတွေကတော့ ဆာလာ လီဗာပူးလ်မှာ ဆက်နေမယ်။ ဒါမှမဟုတ် အသင်းက ထွက်မယ်ဆိုပြီး ပြောနေကြတယ်။ ကျွန်တော်ကတော့ ဆာလာရဲ့ ကွင်းအတွင်းခြေစွမ်းကိုပဲ စောင့်ကြည်နေပါတယ်။ သူက ထူးခြားတဲ့ကစားသမားဖြစ်ပြီး သူလိုကစားသမားမျိုး ဝယ်လို့မရနိုင်ပါဘူး။ လူတိုင်းက သူ့ကို လီဗာပူးလ်မှာ ဆက်ရှိစေချင်ကြတာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
