အာဆင်နယ်နောက်ခံကစားသမားဟောင်း ဂါးလက်စ်က အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူလိုပါက ဟာဗက်ဇ်၏နေရာတွင် အိုဆင်မန်ဖြင့်အစားထိုးရန်လိုကြောင်း တိုက်တွန်းခဲ့သည်။
အာဆင်နယ်နည်းပြ အာတီတာသည် ၂၀၂၃ နွေတွင် ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူခြင်းမရှိဘဲ ချယ်လ်ဆီးမှ ဟာဗက်ဇ်ကို ခေါ်ယူခဲ့ခြင်းအတွက် ဝေဖန်ခံခဲ့ရသည်။
ဟာဗက်ဇ်သည် အာဆင်နယ်ကစားသမားဘဝ အစပိုင်းတွင် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း အာဆင်နယ်အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံ (၆၉)ပွဲတွင် (၂၂) ဂိုးသွင်းယူထားသည်။
၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၇)ပွဲအပြီးတွင် (၄)ဂိုး သွင်းယူနိုင်ခဲ့သော်လည်း နောက်ဆုံး(၄) ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပေ။
ဂါးလက်စ်က ''ဟာဗက်ဇ်က အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား ရယူပေးမယ့်သူ မဟုတ်ပါဘူး။ သူက ထိပ်တန်းကမ္ဘာ့အဆင့်လည်း မဟုတ်ဘူး။ အာဆင်နယ်က ဟာဗက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးလိုနေတာပါ။ အိုဆင်မန်က ပရီးမီးယားလိဂ်မှာ ကစားဖို့လိုပြီး အာဆင်နယ်မှာ ခြေစွမ်းပြနိုင်မယ်ထင်တယ်။ အာဆင်နယ်လိုနေတာ အိုဆင်မန်လို တိုက်စစ်မှူးပါ''ဟု ဆိုခဲ့သည်။
အိုဆင်မန်သည် ဂါလာတာစာရေးတွင် အငှားကစားနေပြီး နာပိုလီက ၎င်းကို ရောင်းထုတ်ရန်အသင့်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
