အီတလီလက်ရွေးစင်နည်းပြရာထူးမှထွက်ခဲ့ခြင်းကို မန်ချီနီ နောင်တရ
24htopnews | November 28, 2024 7:12 PM CST
အီတလီလက်ရွေးစင်နည်းပြဟောင်း မန်ချီနီက လက်ရွေးစင်အသင်းနည်းပြရာထူးမှနုတ်ထွက်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ပြောကြားခဲ့သည်။
မန်ချီနီ(၆၀ နှစ်)သည် ဆော်ဒီလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်အတွက် ၂၀၂၃ သြဂုတ်လတွင် အီတလီနည်းပြရာထူးမှနုတ်ထွက်ခဲ့သည်။
သို့သော် မန်ချီနီသည် ဆော်ဒီလက်ရွေးစင်အသင်းကို ကိုင်တွယ်ပြီး တစ်နှစ်ကျော်အကြာပင် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
ယခုအခါ မန်ချီနီက ''အီတလီလက်ရွေးစင်အသင်းက နုတ်ထွက်ခဲ့တာ အမှားတစ်ခုပါပဲ။ ဆော်ဒီ ကမ်းလှမ်းတဲ့ ငွေကြေးများတာမှန်ပေမဲ့ ဆော်ဒီကို ကိုင်ခဲ့တာ ပိုက်ဆံတစ်ခုတည်းကြောင့် မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
