ဟိုင်းဟိုင် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
(၃)ပွဲကစား၊ (၃)ပွဲစလုံးအနိုင်ရထားတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာပါ။ ချယ်လ်ဆီးအသင်းက ပြိုင်ပွဲစုံ နောက်ဆုံး (၁၅)ပွဲမှာ (၂)ပွဲသာ အရေးနိမ့်ထားပြီး ပရီးမီးယားလိဂ် ပွဲကျပ်ကာလကို ကျေနပ်စရာရလဒ်နဲ့ ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။ ကွန်းဖရန့်လိဂ်က ချယ်လ်ဆီးအသင်း အရန်ကစားသမားတွေအဖို့ ခြေသွေးခွင့်ရတဲ့ပြိုင်ပွဲလိုဖြစ်နေပြီး တခြားပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးမက သာနေတယ်။ ဟိုင်းဟိုင်အသင်းအနေနဲ့ ကွန်းဖရန့်လိဂ်မှာ နိုင်ပွဲဆက်နေပေမဲ့ ပြည်တွင်းပွဲတွေမှာ (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတယ်။ ဂျာမန်မြေဖြစ်ပေမဲ့ ချယ်လ်ဆီးပဲ ရွေးချင်တယ်။
ရက်ပစ်ဝီအန် နှင့် ရှမ်ရော့ခ်ရိုဗာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
မထင်မှတ်ဘဲ ရလဒ်ကောင်းတွေ ရရှိထားတဲ့(၂)သင်း တွေ့ဆုံကြတာပါ။ သြစတြီးယားမြေမှာတော့ ရက်ပစ်ဝီအန်ပဲ ရွေးချယ်တာပိုကောင်းမယ်။
မီလာဒါ နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဘက်တစ်အသင်းက ကွန်းဖရန့်လိဂ်နောက်ဆုံးပွဲမှာ နိုင်ပွဲ စရထားတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဘက်တစ်အသင်း ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
ဖီအိုရင်တီးနား နှင့် ပါဖိုးစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေတဲ့ (၂)သင်း တွေ့ဆုံကြတာပါ။ ဒီ(၂)သင်းကြားမှာတော့ အစဉ်အလာ၊ ခြေစွမ်းပိုင်း ခြားနားချက်က ကြီးမားပါတယ်။ ဒါပေမဲ့ ပါဖိုးစ်အသင်းက ဖီအိုရင်တီးနားကို အနိုင်ကစားထားတဲ့ APOEL အသင်းကို နောက်ဆုံးပွဲမှာ အနိုင်ရခဲ့တယ်။ ဖီအိုရင်တီးနားအသင်း APOEL ကို အရေးနိမ့်ခဲ့တာကလွဲလို့ Form ကောင်းပါတယ်။ ဖီအိုရင်တီးနား ဂိုးပြတ်ဖို့များတယ်။
အခြားပွဲစဉ်များ
အက်စ်တာနာ - ဂီမာရေ့စ်*
*ဆာကယ်ဘရုဂေး - ဟတ်စ်
ဒီနာမိုမင့်ခ် - FCကိုပင်ဟေဂင်*
နိုအာ - ဗိုက်ကင်ဂါR*
စိန့်ဂယ်လန် - TSC*
*ဘိုရက် - LASK
*မိုလ်ဒီ - APOEL
*ဆယ်ရယ် - ယာဂယ်လိုနီယာ
*ပါနာသီနေကော့စ် - HJK
*နယူးစိန့်စ် - ယာဂါးဒန်း
*လူဂါနို - KAAဂျန့်
*အိုလင်ပီယာ - လာနယ်
*အိုမိုးနီးယား - လီဂီယာဝါဆော
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
