လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ပြောဆို၍ ငွေစက္ကူအတု ဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သော ဒက္ခိဏသီရိမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူမှုများဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရမိရေး အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan အမည်ပါ Facebook အကောင့်မှ “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ" စာသား နှင့်ငွေစက္ကူအတုပုံများ Post တင်ထားမှုအား စိစစ်တွေ့ရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ Amara Pan အမည်ပါ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ မအေးအေးအောင် အား နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း အခြားသူများယုံကြည်အောင် ပြောဆိုကာ ငွေကြေးလိမ်လည် ရယူခဲ့ရာ၌ အသုံးပြုခဲ့သော VIVO Y 83 အမျိုးအစား အနီရောင်လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် အေးအေးအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် Amara Pan အမည်ပါ Facebook အကောင့်အား ဖွင့်လှစ်အသုံးပြုကာ Facebook Group များအတွင်း “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ”ဟု စာသားများ လိုက်လံရေးသား၍ Post များတင်ခဲ့ပြီးနောက် Viber ဖုန်းအမှတ် 09971007328 မှတစ်ဆင့် ငွေစက္ကူအတုဝယ်ယူရန် ဆက်သွယ်လာသူများအား ငွေစက္ကူအစစ် တစ်ဆလျှင် ငွေစက္ကူအတု ရှစ်ဆရမည်ဖြစ်ကြောင်း၊ မြင်းခြံမြို့မှဆိုပါက အိမ်အရောက်ငွေချေပြုလုပ်၍ရကြောင်း၊ ကျန်မြို့များအား စရံတစ်ဝက်ပေးချေ၍ ငွေစက္ကူအတုရရှိမှသာ ကျန်ငွေတစ်ဝက်အား ဝယ်ယူ၍ရကြောင်း ယုံကြည်အောင်ပြောဆိုကာ အဆိုပါဖုန်းနံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် Hnin Mya Wave pay အကောင့်အတွင်းသို့ ငွေလွှဲခိုင်းခဲ့ပြီး ငွေလွှဲရောက်ရှိပါက Viber အကောင့်အား Block ပြုလုပ်ကာ ငွေကြေးများအား လိမ်လည်ရယူခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာများ၌ ငွေစက္ကူအတုဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆိုပြီး ငွေကြေးများလိမ်လည်ရယူခဲ့သူ အေးအေးအောင် အား ဧည့်ဂေဟာနယ်မြေ ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် လူမှုကွန်ရက်အခြေပြု၍ ငွေကြေးလိမ်လည်ရယူမှုများနှင့် ငွေစက္ကူအတုပြုလုပ် သုံးစွဲ ရောင်း/ဝယ်သူများအား ဖော်ထုတ်ဖမ်းဆီးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
