အင်တာမီလန်အသင်းနည်းပြ ကွန်တီက အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်အနေဖြင့် ပွဲထွက်ကစားရန်အသင့်မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းနည်းပြ ကွန်တီက အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်အနေဖြင့် ပွဲထွက်ကစားရန်အသင့်မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်သည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက မန်ယူအသင်းမှ အင်တာမီလန်အသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ဆန်းချက်ဇ်သည် အင်တာမီလန်အသင်းတွင် ယခုအချိန်အထိ ပွဲထွက်ခွင့်မရသေးဘဲ အရန်ကစားသမားအဖြစ် (၁)ပွဲသာပါဝင်ခွင့်ရထားသေးသည်။
ကွန်တီက မိမိအနေဖြင့် ပွဲကစားရန်အသင့်ဖြစ်နေသူများကိုသာ အသုံးပြုမည်ဖြစ်ကြောင်းနှင့် ဆန်းချက်ဇ်မှာ ပွဲထွက်ကစားရန်အဆင်မပြေသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကွန်တီက ''ကျွန်တော့်အနေနဲ့ ကစားသမားတစ်ဦးတစ်ယောက်ထက် အသင်းကောင်းစားရေးကိုပဲ ဦးစားပေးတွေးပါတယ်။ ဆန်းချက်ဇ်လိုပဲ ပွဲထွက်ကစားချင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ အခုအချိန်မှာတော့ ဆန်းချက်ဇ်ဟာ ပွဲထွကကစားဖို့အတွက် အဆင်မပြေသေးပါဘူး'' ဟုပြောကြားခဲ့သည်။
ဆန်းချက်ဇ်သည် ပြီးခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။
ယခုအခါ ဆန်းချက်ဇ်အနေဖြင့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်သော်လည်း ကွန်တီကမူ ၄င်းကိုပွဲထွက်အသုံးပြုရန် စောင့်ကြည့်ရဦးမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
