ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ အပါအဝင် အခြားခရိုင်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များစုစုပေါင်း ၈၃ ဦး COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်မောင်အေးက ပြောကြားသည်။
လက်ရှိတွင် ရောဂါပိုးကူးစက်ခံရသူများကို ပြုစုစောင့်ရှောက်မှုများပေးနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားမှုများအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဦးတင်မောင်အေးက ပြောကြားသည်။
“ရောဂါကူးစက်ခံရတဲ့သူတွေကိုတော့ သက်ဆိုင်ရာကုသရေးစင်တာတွေမှာ ကုသပေးနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း ဆောင်ရွက်နေတယ်” ဟု အတွင်းရေးမှူး ဦးတင်မောင်အေးကပြော ကြားသည်။
ယင်းသို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ရောဂါပိုးကူးစက်ခံရခြင်းကြောင့် Quarantine ဝင်နေပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နှစ်ကြိမ်တိတိ Negative အဖြစ်ထွက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးကြည်မြင့်က ပြောကြားသည်။
“နှစ်ကြိမ်စလုံး ပြတယ်။ ဒါပေမဲ့ ထိတွေ့ခဲ့သူဖြစ်တော့ Quarantine ဝင်နေပါတယ်။ ကျန်တာကိုတော့ အတွင်းရေးမှူးကို မေးလိုက်ပါ” ဟု ဥက္ကဌဦးကြည်မြင့်က ပြောကြားသည်။
ရောဂါပိုးကူးစက်ခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ အခြားမြို့နယ်များမှ ဥက္ကဌများလည်းပါဝင်ပြီး ၎င်းတို့၏ မိသားစုဝင်များ၊ မဲရုံဝန်ထမ်းများလည်း ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပြန်ချက်များအရ သိရသည်။
ရောဂါပိုးကူးစက်ခံရသည့် မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌမှာ ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲအပြီးတွင် ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီအတွင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်စဉ် ရောဂါကူးစက်ခံရခြင်းဖြစ်ပြီး ကူးစက်ခံရပြီးစာရင်း တင်ပြရန် ကျန်ရှိခြင်း၊ ထပ်မံဆင့်ပွားကူးစက်ခြင်း၊ ရောဂါလက္ခဏာမပြသေး၍ မသိရှိသဖြင့် ကျန်ရှိခြင်းများ ရှိနိုင်သေးကြောင်း ကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
