ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ စက်ရုံကျောင်းတိုက်ရှိ သံဃာတော်၊ ယောဂီ၊ သီလရှင်နှင့် ကပ္ပိယများ အပါအဝင် ၄၁ ဦးထံတွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။
စက်ရုံကျောင်းတိုက်မှ သံဃာတော်နှစ်ပါးမှာ အနံမရရှိတော့သောကြောင့် သံသယလူနာများအဖြစ် ထားရှိကာ ဆေးကုသမှု ခံယူနေပြီးနောက် swab ယူစစ်ဆေးချက်များအရ နိုဝင်ဘာလ ၇ ရက်နေ့တွင် COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် စက်ရုံကျောင်းတိုက်ရှိ သံဃာတော်များ အပါအဝင် ၁၂၁ ဦးအား Swab ယူစစ်ဆေးခဲ့ရာ ၄၁ ဦးထံတွင် ရောဂါကူးစက် ခံထားရသည်ကို နိုဝင်ဘာလ ၁၉ ရက်နေ့က အတည်ပြု သိရှိရပြီးနောက် ယင်းကူးစက် ခံထားရသူများအနက်မှ ရောဂါအခံရှိသူ ၁၁ ဦးအား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု လုပ်ဆောင်ပေးလျှက်ရှိပြီး ကျန်ရှိသူများအား ကျုံမငေးမြို့တွင် သီးသန့်ထားရှိ ကုသမှု ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
“ဆရာတော်နှစ်ပါးက အနံမရလို့ဆိုတော့ ကျွန်တာ်တို့ သံသယလူနာအနေနဲ့ စစ်တဲ့အခါမှာ ၇ ရက်နေ့မှာ Positive ထွက်သွားတယ်၊ ထွက်သွားတော့ ကျောင်းတိုက်မှာရှိတဲ့သူ အားလုံးကို အသွားအလာ ကန့်သတ်မှုတွေ ဆောင်ရွက်တယ်၊ ဆောင်ရွက်ပြီးတော့ ကျောင်းတိုက်ထဲမှာရှိတဲ့ အားလုံးနီးပါးကို ကျွန်တော်တို့ စုစုပေါင်း ၁၂၁ ဦးကို စစ်လိုက်တယ်၊ ဆရာတော်တွေရော မယ်သီလရှင်တွေရော ကပ္ပိယတွေရော အကုန်ပေါ့၊ အဲ့ ၁၂၁ ထဲမှာ ဒီနေ့ စစ်ချက်ထွက်ပေါ်လာတော့ ၄၁ ယောက်က Positive ထွက်တယ်၊ ကျွန်တော်တို့က အဲ့ ၄၁ ဦးကို သေချာစိစစ်လိုက်တော့ ရောဂါအခံရှိတဲ့ ပုဂ္ဂိုလ်တွေပါနေတယ်၊ စုစုပေါင်း ၁၁ ဦးက ရောဂါအခံရှိတာမို့ ကျွန်တော်တို့က အဲ့ ၁၁ ဦးကိုတော့ ပုသိမ်ကို လွှဲထားတယ်၊ ဒီနေ့မနက်ပိုင်းမှာ ပုသိမ်ဆေးရုံကြီးကို ပို့လိုက်ပြီ၊ ကျန်တဲ့ ၃၀ ဦးကိုတော့ ကျွန်တော်တို့ ကျုံမငေးမှာရှိတဲ့ သီးသန့်အဆောင်မှာ ထားရှိပြီးတော့ စောင့်ကြည့်ကုသပေးနေတယ်၊ သူတို့ကတော့ ပုံမှန်ကျန်းမာရေး ကောင်းမွန်နေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒုတိယဦးစီးမှူး ဒေါက်တာသီဟအောင်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ ထုတ်ပြန်ချက်များအရ COVID-19 ရောဂါကူးစက်ခံခဲ့ရသူ အတည်ပြုလူနာ ဦးရေမှာ ၂၀၉၂ ဦးထိရှိပြီး ၁၄၂၆ ဦးမှာ ရောဂါများ သက်သာ ပျောက်ကင်းသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိခဲ့ပြီကာ ၅ ဦးအသက်ဆုံးပါးခဲ့ပြီး ၆၆၁ ဦးမှာ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
