မအူပင် ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာလ ၁၈ ရက်နေ့က သေဆုံးခဲ့သည့် COVID-19 သံသယလူနာမှာ Rapid Test Kit ဖြင့် စစ်ဆေးချိန်တွင် Negative အဖြေ ထွက်ရှိထားသော်လည်း အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပေးပို့စစ်ဆေးထားသည့် Throat Swab တွင်မူ Positive ရလဒ် ထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
COVID-19 သံသယလူနာများကို ရောဂါရှာဖွေစစ်ဆေးမှု အမြန်ဆုံး ပြုလုပ်နိုင်ရေးအတွက် Rapid Test Kit များဖြင့် စစ်ဆေးပေးနေလျက် ရှိသော်လည်း Rapid Test Kit မှာ ရောဂါအစပျိုးချိန်အလိုက် ရလဒ်ထွက်ပေါ်မှုမှာ အနည်းငယ် မှားယွင်းမှု ဖြစ်ပေါ်တတ်ကြောင်း၊ Rapid Test Kit ဖြင့် စစ်ဆေးခြင်းမှာ NHL တွင် စစ်ဆေးပေးသည့် PCR ဖြင့်စစ်ဆေးခြင်းနှင့် ဆေးရုံကြီးအချို့တွင် Gene Xpert စက်များဖြင့် စစ်ဆေးခြင်းများကဲ့သို့ တိကျမှု မရှိကြောင်း သိရသည်။
“ကျွန်တော်တို့က Rapid Test Kit ခေါ်တာပေါ့၊ ကျွန်တော်တို့မှာ စစ်နည်းတွေ အမျိုးမျိုးရှိတယ် NHL လို့ ခေါ်တဲ့ အမျိုးသား ဓာတ်ခွဲခန်းဌာနမှာ စစ်တာက PCR နဲ့စစ်တာ၊ PCR ကတော့ တိကျမှု အရှိဆုံး စံနှုန်းအမြင့်ဆုံးနဲ့ စစ်တာပေါ့၊ ပြီးလို့ရှိရင် မြို့နယ်တွေမှာ ဆေးရုံကြီးတွေမှာ Gene Xpert နဲ့စစ်တာပေါ့နော်၊ TB စစ်တဲ့အခါမှာ သုံးတဲ့စက်ပေါ့၊ Gene Xpert နဲ့စစ်တာမှကျ အများကြီးတော့ မစစ်နိုင်ဘူး နည်းနည်းပဲ စစ်နိုင်တယ်၊ ပုသိမ်ဆေးရုံလိုများမှာတောင် တစ်ရက်ကို ၁၂ ခုကနေ ၁၈ ခုလောက်ပဲ အများဆုံး စစ်နိုင်တယ်၊ အဲ့ဒါနဲ့ စစ်တာကလည်း NHL က PCR လောက်တိကျမှုတော့ မရှိပေမဲ့ သူ့လောက်နီးပါး တိကျမှုတော့ ရှိတယ်ပေါ့နော်၊ နောက်ဆုံးစစ်တဲ့ Rapid Test Kit ကတော့ PCR လောက်တိကျမှုတော့ မရှိဘူးပေါ့၊ သူ့ရဲ့တိကျမှုနှုန်းက ၉၀ ရာခိုင်နှုန်းလောက်ရှိတယ် ဆိုပေမဲ့၊ လူတွေရဲ့ ရောဂါလဏ္ခာ အခြေအနေပေါ့ ပုံမှန်အားဖြင့်တော့ ရောဂါလဏ္ခာမပြခင် နှစ်ရက်လောက်ကစပြီးတော့ စပေါ်တယ်ပေါ့၊ ပုံမှန်အားဖြင့် လဏ္ခာပြဖို့ လိုသေးပြီး ကူးစက်ခံရမှု မကြာနိုင်သေးတဲ့ လူတွေဆိုရင်တော့ Negative ပြနိုင်တယ်ပေါ့၊ လူတစ်ယောက်ချင်းရဲ့ လဏ္ခာပြသမှု ရောဂါကူးစက်သည့် ရက်စွဲ ရောဂါပျိုးချိန် အဲ့အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်တယ်၊ PCR နဲ့ Gene Xpert တို့နဲ့ စစ်တာလောက်တော့ တိကျမှု့မရှိဘူး၊ သူက Positive ထွက်ရင်တော့ သေချာတယ်၊ ရောဂါလဏ္ခာပျိုးချိန်အပေါ် မူတည်ပြီး ရလဒ်က အမှားအယွင်းရှိတတ်တယ် PCR နဲ့ Gene Xpert တို့လောက် တိကျမှုမရှိဘူး၊ အဓိက ပြည်သူတွေကို အသိပေးချင်တာက ပြည်သူတွေက Rapid Test Kit နဲ့စစ်တာက Negative ဆိုရင် ယုံကြည်စိတ်ချရတယ်လို့ သူတို့ ယူဆနေကြတယ် အမှန်က မဟုတ်ဘူး၊ ဒါ့ကြောင့် အရေးပေါ် သွားလာစရာတွေရှိခဲ့ရင် Rapid Test Kit နဲ့စစ်ဆေးပြီး ဘယ်လိုပဲ ရလဒ်ထွက်ထွက် Quarantine ဝင်ရမယ်လို့ ကျွန်တော်တို့ သတ်မှတ်ခဲ့တာဖြစ်တယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က အကြိမ်ကြိမ် စစ်ဆေးမှုတွေကို ပြုလုပ်နေရတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင်က ပြောကြားသည်။
မအူပင်ဆေးရုံကြီးတွင် အသက်ဆုံးပါးသွားသည့် COVID-19 သံသယလူနာအား သွားရောက်ကူညီပေးခဲ့သည့် မအူပင်မြို့ ကရုဏာ လူမှုကူညီရေးအသင်းမှ ကိုနေလင်းအောင်ကမူ ၎င်း၏ Facebook စာမျက်နှာတွင် “ဒီနေ့ ညနေ မအူပင်ဆေးရုံမှာ သံသယလူနာတစ်ယောက် သေဆုံးသွားလို့ နာရေးချပေးဖို့ ဆေးရုံရောက်တဲ့အချိန် RDT နဲ့ စစ်ဆေးပြီးပါပြီ Negative ပါ NHL ကိုလဲ Swab ပို့ထားပြီးပါပြီတဲ့ ထုံးစံအတိုင်း နာရေးချဖို့ လုပ်ခါနီး ညီအစ်ကိုတွေကို N ဖြစ်ပေမဲ့ မပေါ့ဆဖို့ သေချာမှာပြီး အကောင်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်အောင် အကာအကွယ် အပြည့်အစုံနဲ့ ကြိုးစားပြီး နာရေးကို မီးသဂြိုလ်ပေးခဲ့ပါတယ်၊ သေဆုံးသွားသူရဲ့ ဒီည NHL ကအဖြေက ပိုးတွေ P ပါ ကျွန်တော်တို့ တစ်ဖွဲ့လုံး မပေါ့ဆမိတာ ကံကောင်းသွားတာပေါ့၊ RDT နဲ့ စစ်တာသာယုံမိရင် ကျွန်တော်တို့ တစ်ဖွဲ့လုံး ရွာလည်ကုန်မှာ” ဟု ရေးသားထားသည်။
ပြည်သူများအနေဖြင့် Rapid Test Kit များဖြင့် စစ်ဆေးပြီးနောက် Negative ရလဒ် ထွက်ပေါ်လာစေကာမူ ပေါ့ဆခြင်း မပြုဘဲ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
