တိုက်ကြီးမြို့နယ်တွင် ဂါလံ ၂၈၀၀ ဆန့် ဆီဘောက်ဆာတစ်စီး တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ဝက်သုံးကောင်နှင့် နေအိမ်လေးလုံး ဆုံးရှုံးခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ည ခြောက်နာရီ ၃၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း ဂျိုးဖြူကျေးရွာအနီး မိုင်တိုင် (၅၀/၅ နှင့်၅၀/၆ အကြားတွင် တိုက်ကြီးမြို့ဘက်မှ ဥက္ကံမြို့ဘက်သို့ မောင်းနှင်လာသည့် ပရီမီယမ်ဒီဇယ်ဆီ တင်ဆောင်လာသော ဖြူပြာစိမ်းကြား ဆီဂါလံ ၂၈၀၀ ဆံ ရှစ်ဘီးကား တစ်စီးသည် ဂျိုးဖြူကွေ့ အရောက်တွင် အရှိန်မထိန်းနို်င်ဘဲ လမ်းဘေးချောက် အတွင်းသို့ ထိုးကျကာ တိမ်းမှောက်ပြီး မီလောင်နေကြောင်း တိုက်ကြီးမြို့နယ် မီးသတ်စခန်းက သတင်းရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တိုက်ကြီးမြို့နယ် မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၉ စီး၊ သူနာပြုယာဉ် ၁ စီး၊ Foam ကား ၃ စီး၊ ကွပ်ကဲမှုယာဉ် ၂ စီး၊ စုစုပေါင်း ၂၅ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၆၀ ဦးတို့နှင့် မီးငြိမ်းသတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း လူနှစ်ဦး သေဆုံးခဲ့ပြီး ဝက်သုံးကောင်၊ လူနေအိမ် လေးလုံးနှင့် ဒီဇယ်ဆီ ၂၈၀၀ ဂါလံတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များအပြင် အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ လူမှုကူညီ ကယ်ဆယ်စောင့်ရှောက်ရေး အသင်းများကလည်း ကူညီဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
