မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ် ရွေးကောက်ပွဲရက်များတွင် သာစည်မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည့် ရဲအုပ်တစ်ဦးအား နိုဝင်ဘာ ၁၈ ရက်က Test Kit ဖြင့် စစ်ဆေးခဲ့ရာ COVID-19 ပိုးတွေ့ရှိခဲ့ပြီး အတူတာဝန် ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးအား Test Kit ဖြင့် ပထမအကြိမ် COVID-19 ပိုး ရှိ မရှိ စစ်ဆေးခဲ့ရာ COVID-19 ပိုးမရှိ အဖြေရရှိခဲ့ပြီးနောက် အဆိုပါ COVID-19 အတည်ပြုလူနာ ရဲအုပ်နှင့် ထိတွေ့ဆက်စပ်ခဲ့သော ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးအား မိတ္ထီလာ မြို့မရဲစခန်းဝင်း အတွင်းရှိ ရဲဓမ္မာရုံတွင် Quarantine ထားရှိကြောင်း သိရသည်။
“မနေ့က စစ်လိုက်တာမှာ ရဲအုပ်တစ်ယောက်မှာ ပိုးတွေ့တယ်။ ဘယ်လိုထိစပ်လဲဆိုတော့ သာစည်က ဒုမြို့နယ်မှူးနဲ့ ရွေးကောက်ပွဲကာလ နိုဝင်ဘာ ၇ ရက်၊ ၈ ရက်မှာ အတူတွဲ တာဝန်ထမ်းဆောင်ခဲ့တယ်။ မိတ္တီလာခရိုင်ရုံးကနေ ရှိတဲ့အင်အားတွေကို မြို့နယ်ရုံးကို ရွေးကောက်ပွဲကာလမှာ တာဝန်ခွဲချတော့ အဲဒီရဲအုပ်က သာစည်မှာ ရွေးကောက်ပွဲကာလ တာဝန်ကျတယ်။ အခုအဲဒီရဲအုပ်မှာ COVID-19 ပိုးတွေ့တော့ သူနဲ့ထိတွေ့တဲ့ သူရဲ့ဌာနစိတ်က အဖွဲ့တွေ မနေ့ကစစ်တာ ပထမအကြိမ် ပိုးမတွေ့ရှိဘူး။ ပိုးမတွေ့ရှိပေမဲ့ စိတ်ချရအောင် သူတို့ကိုစခန်းထဲက ဓမ္မာရုံမှာ Quarantine ထားတယ် ရုံးကိုပေးမလာတော့ဘူး။ အားလုံး ခုနစ်ယောက် Quarantine ထားတယ်။ ဒီနေ့လည်း အဲဒီရဲ အုပ်နဲ့ စကားပြောခဲ့တဲ့လူတွေ ထပ်ပြီးစစ်မယ်။ သူ့ဌာနစိတ်ကတော့ မဟုတ်ဘူး။ ခရိုင်ရုံးက လူတွေလမ်းမှာတွေ့လို့ စကားပြောတာ။ ခဏတွေ့လိုက်တာ။ အဲဒီလိုလူတွေ ထပ်စစ်ဦးမယ်။ ရဲလုပ်ငန်း မပျက်ကွက်အောင် ကျန်တဲ့လူတွေက သူ့ဌာနစိတ်က အလုပ်တွေကို ကျန်တဲ့လူတွေက ၀ိုင်းကူလုပ်ပေးမယ်” ဟု မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အုန်းဟန်ဦးက နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ပြောကြားသည်။
မိတ္ထီလာခရိုင် အထွေထွေရောဂါကု ဆေးရုံကြီးတွင် စက်တင်ဘာ ၇ ရက်မှ လက်ရှိအချိန်အထိ COVID-19 အတည်ပြုလူနာ ၁၁၈ ဦး တက်ရောက်ကုသခဲ့ပြီး ၁၀၀ ရောဂါသက်သာ ပျောက်ကင်းသဖြင့် ဆေးရုံဆင်းခွင့် ရရှိခဲ့ကာ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမတစ်ဦး၊ ခရိုင်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း၊ ၎င်းတို့၏ ကလေးငယ် မိသားစုဝင်များနှင့် ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး အပါအဝင် စုစုပေါင်း ၁၈ ဦး COVID-19 အတည်ပြုလူနာအဖြစ် မိတ္ထီလာခရိုင်၊ အထွေထွေရောဂါကု၊ အထူးသီးသန့် လူနာဆောင်တွင် တက်ရောက် ကုသနေဆဲ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့သို့ ရန်ကုန်၊ မန္တလေးနှင့် ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၄၅ ဦးခန့်အား မိတ္ထီလာ အခြေခံပညာ အထက်တန်းကျောင်း အထက(၁) Quarantine နှင့် COVID-19 အတည်ပြု ပိုးတွေ့လူနာများ နှင့် ဆက်စပ်ထိတွေ့ခဲ့သူများအား မိတ္ထီလာတက္ကသိုလ် Quarantine Centre တွင် ၄၉ ဦးကျော် Quarantine ဝင်လျက်ရှိသည်။
နိုဝင်ဘာ ၁၇ ရက် ညက မိတ္ထီလာခရိုင် သာစည်မြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုမြို့နယ်မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး၊ သာစည်မြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးနှင့် ထိတွေ့ဆက်စပ်ခဲ့သဖြင့် Test Kit ဖြင့်စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၁၈ ရက်တွင် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်တစ်ဦး စုစုပေါင်းရဲတပ်ဖွဲ့ဝင် ရှစ်ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
