ကိုရီးယားချေးငွေ ဒေါ်လာ ၆၁.၃ သန်း အပါအဝင် အမေရိကန်ဒေါ်လာ ၆၉.၂၄၂ သန်း၊ နိုင်ငံဘဏ္ဍာငွေ ရဒသမ ၉၄၂သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၉ဒသမ၂၄၂ သန်းဖြင့် ဆောင်ရွက်နေသည့် တွံတေးတူးမြောင်းတစ်လျှောက် ရေကြီးရေလျှံ ကာကွယ်ရေး၊ ရေထိန်းကမ်းပတ်တာ တည်ဆောက်ခြင်း စီမံကိန်းများအတွက် အသေးစိတ်ဒီဇိုင်း စတင်ရေးဆွဲနေပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
တွံတေးတူးမြောင်းတစ်လျှောက် ရေကြီးရေလျှံ ကာကွယ်ရေး၊ ရေထိန်းကမ်းပတ်တာ တည်ဆောက်ခြင်း ၃၉ ဒသမ ၅ ကီလိုမီတာဖြစ်ပြီး စီမံကိန်း လုပ်ငန်းများအတွက် တင်ဒါအောင်မြင်သော ISAN Cooperation Co.,Ltd နှင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး အသေးစိတ်ဒီဇိုင်း ရေးဆွဲနေကြောင်း သိရသည်။
ကိုရီးယားချေးငွေဒေါ်လာ ၆၁ ဒသမ ၃ သန်း အပါအဝင် အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၄၂ သန်း၊ နိုင်ငံဘဏ္ဍာငွေ ၇ ဒသမ ၉၄၂ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၄၂ သန်းဖြင့် ဆောင်ရွက်နေသည့် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ငန်းများ ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။
တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ကိုရီးယား EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၄၂ သန်း၊ နိုင်ငံဘဏ္ဍာငွေ ၇ ဒသမ ၉၄၂ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၂၄၂ သန်းဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်းနှင့် စီမံကိန်းတွင် တူးမြောင်းကမ်းပါး ထိန်းသိမ်းခြင်း အလျား ၅၈၈၀ မီတာ၊ တူးမြောင်း သုညမိုင်အနီး ရေဝဲအတွင်း ၅၅၅၀၀ (စတုရန်းမီတာအား) ကျောက်ကြီးဖြည့်ခြင်း၊ တူးမြောင်းတစ်လျှောက် ရေကြီးရေလျှံ ကာကွယ်ရေး၊ ရေထိန်းကမ်းပတ်တာ တည်ဆောက်ခြင်း ၃၉ ဒသမ ၅ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်မှ လေးနှစ်တာ ကာလအတွင်း ရေကြောင်းပို့ဆောင်ရေး ကဏ္ဍ၌ အဓိက မြစ်ကြီးများ၌ ရေလမ်းကောင်းမွန်ရေး စီမံကိန်း ၆၈ ခု၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၉၆၄ ခုအား ဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ မူးမြစ် စသည့် မြစ်များတစ်လျှောက် ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်မှုများ အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၈၆ခုနှင့် ရေလမ်းကောင်းမွန်ရေး စီမံကိန်း ရှစ်ခုကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ -၂၀၂၀ ပြည့်နှစ်တွင် ကမ်းပြိုကာကွယ်ရေး ၂၃၈ ခု၊ ရေလမ်းကောင်းမွန်ရေး ၁၈ ခု စသည်ဖြင့် နှစ်အလိုက် ဆောင်ရွက်ခဲ့ရာ လေးနှစ်တာ ကာလအတွင်း ရလမ်းကောင်းမွန်ရေး စီမံကိန်း ၆၈ ခု၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၉၆၄ ခုအား ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ဧရာဝတီတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၃၁ ခုအား ဆောင်ရွက်ပြီးစီးခဲ့ပြီး ညောင်တုန်းမြို့ ကမ်းထိန်းလုပ်ငန်းများကို အရေးပေါ် ရန်ပုံငွေဖြင့် ဆက်လက် လုပ်ဆောင်နေကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများ ဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် ရေနည်းချိန်တွင် ရေအနက် မလုံလောက်ခြင်းနှင့် ရေနက်ကြောင်းများ တည်ငြိမ်မှု မရှိဘဲ မကြာခဏ ပြောင်းလဲတတ်ခြင်း၊ မြစ်များ၏ ရေဝေဒေသအတွင်း သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် မြစ်အတွင်း စီးဆင်းနေသော ရေထုစီးဆင်းမှု ပမာဏလျော့နည်းလာခြင်း၊ သဲနုန်းများ အနည်ထိုင်မှု များပြားလာခြင်း၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာခြင်း၊ ရေလမ်းကြောင်း ပြောင်းလဲမှုများကြောင့် မြစ်ကမ်းပါး တိုက်စားမှုများ ဖြစ်ပေါ်ခြင်းစသည့် အချက်များကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
