မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် ကြို တင်မဲရုံတွင် ကြိုတင်ဆန္ဒမဲ လာပေးသူများအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တံဆိပ်ဝိုင်းကပ်ထားသော ဖုန်းထောင်ပြပြီး ပြည်ခိုင်ဖြိုးပါတီအား မဲပေးရန် အမူအရာ လုပ်ပြသော ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးဆိုသည့် အမျိုးသား တစ်ဦးအား ရွေးကောက်ပွဲ ဥပဒေဖြင့် အရေးယူပေးပါရန် NLD ပါတီ မဲရုံကိုယ်စားလှယ်က အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၉ ရက်က မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ် (၂) နယ်မြေနေ ဦးသိန်းမြင့် အသက်(၅၇)နှစ်၊ NLD မဲရုံကိုယ်စားလှယ်သည် အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ကြိုတင်မဲရုံတွင် မဲရုံကိုယ်စားလှယ် တာဝန်ယူ ဆောင်ရွက်နေစဉ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ မြို့သစ် (၃) ရပ်ကွက်နေ ဦးမြင့်လွင် (ခ) ဦးဘိုကြည်သည် မဲရုံအတွင်း ဝင်ရောက်ခွင့်မရှိဘဲ ဝင်ရောက်လာပြီး ၎င်း၏လက်ကိုင်ဖုန်းတွင် USDP ကြ့ံခိုင်ရေးပါတီ တံဆိပ်ဝိုင်း ကပ်ထားကာ ကြိုတင်ဆန္ဒမဲ လာပေးသူများအား ကြ့ံခိုင်ရေးပါတီ (USDP) အား မဲပေးရန် ဖုန်းထောင်ပြပြီး အမူအရာပြုလုပ်ကာ မဲဆွယ်ခဲ့သော ဦးမြင့်လွင် (ခ) ဦးဘိုကြည်အား အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မဲရုံကိုယ်စားလှယ် ဦးသိန်းမြင့်က မိတ္ထီလာ မြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ သီးခြား ဘာမှတ်ချက်မှ မပေးလိုပါဘူး။ (၅၉)ကနေ (၆၄)အထိ ငြိစွန်းနေတော့ သူတို့ဘာသာသူတို့ တိုင်ကြမှာပေါ့လေ။ သူတို့လုပ်ရမယ့်ကိစ္စ လုပ်လို့ရပါတယ်။ သူတို့အပြန်အလှန် အမှုဖွင့်ကြတာ ရဲအရေးပိုင်တဲ့ ကိစ္စဆိုတော့ ကော်မရှင်အနေနဲ့ ဘာမှမပြောလိုပါဘူး။ မဲရုံထဲမှာလာပြီး မဲဆွယ်တာသည် ရဲအရေးပိုင်တဲ့အမှုပါ။ ရဲကနေ တရားစွဲဆိုပြီး ပြစ်ဒဏ်ချတဲ့အခါ ထောင်ဒဏ်ဆိုရင်လည်း တစ်နှစ်ထက် မကျော်ဘူး၊ ငွေဒဏ်ဆိုလည်း တစ်သိန်းမကျော်ဘူး။ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ပါတီမစွဲပါဘူး။ ကိုယ့်မြို့ခံ အချင်းချင်း ဘယ်လိုပဲ ဆွဲသည်ဖြစ်စေ ဒီမျက်နှာတွေက ပြန်မြင်၊ ပြန်တွေ့မယ့် မျက်နှာတွေပါ။ အစိမ်းကစွဲစွဲ၊ အနီကစွဲစွဲ၊ အပြာကစွဲစွဲ ဘယ်သူ့မှတော့ မဖြစ်စေချင်ဘူး။ ကော်မရှင် အနေနဲ့တော့ ညှိပေးလို့မရဘူး။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဖွင့်တဲ့ဟာတွေကို သူ့ဘက်ကိုယ်ပိတ်၊ ကိုယ့်ဘက်သူပိတ် ဆိုရင်တော့ ပိုကောင်းတာပေါ့လေ။ ဒီိအချိန်က သွေးပူနေတုန်းဆိုတော့ ဘာမှမပြောလိုတော့ပါဘူး” ဟု မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းမင်းထိုက်က ပြောကြားသည်။
အဆိုပါ အမှုအား မိတ္ထီလာမြို့၊ မြို့မရဲ စခန်းမှ (ပ)၅၀၈/၂၀၂၀၊ ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၆၁) ဖြင့် အမှုဖွင့်လှစ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
