ရှမ်းပြည်နယ် တောင်ပိုင်းတွင် COVID-19 ပိုးတွေ့လူနာ တစ်ဖန်မြင့်တက်လာပြီး၊ ပြည်ပပြန် နိုင်ငံသားများ ဆက်လက် ဝင်ရောက်လျက်ရှိဆဲ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိလာသူများသည် တောင်ကြီးမြို့ကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်း ၅ နာရီခွဲခန့်အချိန်တွင် တောင်ကြီးမြို့၊ TBC ကားကြီးကွင်းသို့ ပြန်လည်ရောက်ရှိလာပြီး၊ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ မြို့နယ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရန် လက်ခံလွှဲပြောင်း ကူညီပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ပြည်တော်ပြန် ၃၈ ဦးတို့သည် လိုင်းကားလေးစီးဖြင့် တောင်ကြီးမြို့၊ TBC ကားကွင်းကို ရောက်ရှိလာပြီး၊ ပြည်တော်ပြန်များ လွှဲပြောင်းပေးခြင်း လုပ်ငန်းကို တောင်ကြီးမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ အစီအစဉ်ဖြင့် အဝေးပြေး Express မော်တော်ယာဉ် တစ်စီးဖြင့် စီစဉ်ပြီး လက်ခံလွှဲပြောင်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၈ ရက် ညပိုင်း ၇ နာရီ ခွဲခန့်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများသည် မြဝတီမှတစ်ဆင့် တောင်ကြီးမြို့ကို ရောက်ရှိပြီး တောင်ကြီးမြို့ မိုးကုတ်ဝိပဿနာ တရားရိပ်သာတွင် ထားရှိကာ တာဝန်ရှိသူများက စီစဉ်ပေးခဲ့ကြောင်း၊ အဆိုပါ မြဝတီမှတစ်ဆင့် ပြန်လာသော ထိုင်းနိုင်ငံပြန် ပြည်တော်ပြန်များသည် ကျား ၁၀ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၂၀ ဦးဖြစ်ပြီး၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးကို နေရပ်ပြန်ကြမည့်သူများ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံပြန် ပြည်တော်ပြန် ၂၀ ဦးကို လက်ခံခဲ့ပြီး တောင်ကြီးမြို့နယ် COVID-19 လုပ်ငန်းအထူးအဖွဲ့မှ စာရင်းမှတ်တမ်းယူခြင်း၊ ညစာပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံပြန် ပြည်တော်ပြန် အဖွဲ့များသည် တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ၁၄ ရက် Quarantine နေထိုင်ရမည်ဖြစ်ကာ Swab ဓာတ်ခွဲနမူနာများရယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။
တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော ပြည်တော်ပြန် ၄၀ ဦးရှိနေပြီး ထပ်မံရောက်ရှိလာသော ၂၀ ဦးပေါင်းလျှင် စုစုပေါင်း ၆၀ ဦးခန့် Quarantine နေထိုင်သူများ စားဝတ်နေရေးအတွက် တစ်ရက်လျှင် သုံးကြိမ် ထမင်း၊ ဟင်း ချက်ကျွေးရကြောင်း သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။
တောင်ကြီးမြို့တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို တောင်ကြီးတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ထားရှိခြင်းဖြစ်ကာ ပြည်တွင်းပြန်များဖြစ်သော ပိုးတွေ့လူနာ သုံးဦးအထက်ရှိသော မြို့နယ်များမှ ဝင်ရောက်လာသူများကိုလည်း အ.ထ.က ကျောင်းများ၊ ဓမ္မဥယျာဉ် ကမ္ဘောဇ သာသနာ့ဗိမ္မာန်တို့တွင် အသွားအလာ ကန့်သတ်ထားရှိခြင်းဖြစ်ကာ၊ ပြည်တွင်းပြန်နှင့် ပြည်ပပြန် Quarantine နေထိုင်သူများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော်ရှိနေကြောင်း သိရသည်။
“ပြည်တော်ပြန်ဆိုရင် ၁၂၀ နဲ့ ၁၅၀ ကြားကို မိုးကုတ်ကျောင်းမှာ လက်ခံဆောင်ရွက်တယ်။ အပေါ်ဆုံးအထပ်ကို အမျိုးသမီး သီးသန့်ထားတယ်။ ကျန်တဲ့အထပ်တွေ အမျိုးသားတွေ ထားတယ်။ ဝန်ထမ်းတွေကိုလည်း ပြည်တွင်းပြန် အနေနဲ့လည်း ထားရှိဆောင်ရွက်ပါတယ်။ အစားအသောက်အနေနဲ့ နိုင်ငံတော်အစိုးရကနေ ပြည်တော်ပြန် ကူညီထောက်ပံ့ရေးအတွက် လူတစ်ယောက်ကို လေးထောင်နှုန်းနဲ့ပေ့ါ။ တစ်ရက်ကို သုံးနပ်ပေါ့။ ကူညီဆောင်ရွက်ပါတယ်။ ကျွေးမွေးတာကလည်း သစ်တောရပ်ကွက်မှာ ပရဟိတအဖွဲ့တွေက အချက်အပြုတ်တွေ ဆောင်ရွက်ပြီးတော့ ကျွေးမွေးခြင်း လုပ်ငန်းကိုလည်း လုပ်ပါတယ်။ မိုးကုတ်ကျောင်းမှာဆိုရင် ၁၃ ကြိမ်မြောက် ရှိနေပါပြီ။ ဒီမှာ ၁၄ ရက်ထားမှာပါ။ ၁၀ ရက်မြောက်မှာ နမူနာယူပါမယ်” ဟု သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး) တွင် ဓာတ်ခွဲစစ်ဆေးရာ မြို့နယ် ခုနစ်ခုတို့မှ ပိုးတွေ့လူနာ ၁၀ ဦး ရောဂါပိုး တွေ့ရှိကြောင်း နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် COVID-19 ရောဂါပိုး အတည်ပြု လူနာပေါင်း ၅၀ ဦး ရှိကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
