ရန်ကုန်ဆေးရုံကြီးသို့ နယ်မှလာရောက်ဆေးကုသသည့် လူနာနှင့် လူနာစောင့်အချို့ နေရပ်ပြန်ရန် အခက်အခဲရှိသဖြင့် ပြန်လည်ပြသမည့်ရက်မတိုင်မီ ရန်ကုန်ဆေးရုံပြင်ပ၌ ညအိပ်စောင့်ဆိုင်းမှုများရှိနေကြောင်း နိုဝင်ဘာ ၁၈ ရက် ညပိုင်းက စုံစမ်းသိရှိရသည်။
ရန်ကုန်ဆေးရုံကြီးပြင်ပ၌ ညအိပ်စောင့်ဆိုင်းသူများအနေဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ကုသခဲ့ကြပြီး ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုထားသည့် လူနာများဖြစ်ကြောင်း သိရသည်။
သို့သော် ၎င်းတို့၏ နေရပ်သို့ပြန်ရန် အခက်အခဲများရှိနေသည့်အပြင် ဆေးရုံသို့ ပြန်လည်ပြသရမည့် ရက်မတိုင်မီအထိ ရန်ကုန် မြို့တွင်နေထိုင်ရန် အခက်အခဲများစွာရှိသည့် အတွက်ဆေးရုံကြီးပြင်ပ၌ နေထိုင်ကြသည်မှာ နှစ်ရက်၊ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်ဆေးရုံကြီးရှေ့တွင် ညအိပ်နေထိုင်နေရသူအများစုအနေဖြင့် ၎င်းတို့၏ နေရပ်သို့ပြန်ရန် အဓိက ကြုံတွေ့နေရသည့် အခက်အခဲမှာ ငွေကြေးဖြစ်ပြီး ၎င်းတို့အထဲတွင် သက်ကြီးရွယ်အိုများလည်း ပါဝင်သည့်အပြင် ဆေးရုံကြီးသို့ ရက်ချိန်းပြည့်၍ လာရောက်ပြသရာတွင် နေရပ်သို့ ပြန်ရန် အခက်အခဲ ရှိသူများလည်း ပါဝင်နေသည်။
ထိုသို့နေထိုင်ရာတွင် အများစုမှာ လူနာစောင့်များဖြစ်ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့ကို နေရပ်သို့ ပြန်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“အမေက ဆိုင်ကယ်မှောက်ပြီး ခြေထောက်ကျိုးတာပါ။ ဆေးရုံအပြင်မှာနေတာ နှစ်ရက်ရှိပါပြီ။ လာပြတာက လေးလလောက်ရှိပြီ။ နယ်ပြန်လိုက် ပြန်လာပြလိုက်နဲ့ပေါ့။ အခုက ဆေးရုံရက်ချိန်းကို လာပြန်ပြရင်းနဲ့ အပြန်စရိတ်လည်း မရှိတော့လို့ အခုလို ဆေးရုံအပြင်မှာ နေနေရတာပါ။ အခုလို အပြင်မှာနေရတော့ အခက်အခဲက တော်တော်ကြုံတာပါ။ ဆေးရုံက တာဝန်ရှိသူတွေက ပြောဆိုတာတော့ မရှိဘူး။ စားတာသောက်တာကတော့ လာလှူတဲ့သူတွေရှိပါတယ်။ ပြန်ဖို့ကို ဆေးရုံအုပ်ကြီးက ပရဟိတကားတွေ၊ ဘာတွေ စီစဉ်ပေးမယ်လို့ သိရပါတယ်” ဟု ရန်ကုန်ဆေးရုံကြီးသို့ မိခင်ဖြစ်သူအား လာရောက်ပြသသည့် မုံရွာမြို့မှ လူနာစောင့်အမျိုးသားက ဆိုသည်။
ရန်ကုန်ဆေးရုံကြီးပြင်ပ၌ ညအိပ်စောင့်ဆိုင်းသူများအား ဆေးရုံမှတာဝန်ရှိသူများ၊ ပရဟိတအသင်းများနှင့် အခြားအလှူရှင်များက စားသောက်ရေးအတွက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
