COVID-19 လူနာသစ် ၁၅၉၂ ဦးတွေ့ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာ ၇၃၃၂၂ ဦး ရှိလာကာ သေဆုံးသူ ၂၅ ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၁၂၃၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာတွင် အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅၉၂ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဓာတ်ခွဲအတည်ပြု လူနာများအနက် ၄၉၀ ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး စုစုပေါင်း ဆေးရုံးဆင်းခွင့်ရသူ ၅၄၇၆၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
COVID-19 အတည်ပြုလူနာများအနက် ထပ်တိုးသေဆုံးလူနာ ၂၅ ဦးရှိပြီး ၎င်းတို့အနက် ရောဂါအခံရှိသူ ၂၃ ဦး ပါဝင်ကြောင်း သိရကာ လက်ရှိအချိန်တွင် သေဆုံးသူ စုစုပေါင်း ၁၆၅၀ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ ၉၅၁၃၁၄ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၇၃၃၂၂ ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၅၄၇၆၄ ဦးရှိကာ သေဆုံးလူနာ ၁၆၅၀ ဦး ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁၀၇၀ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည်ရှုနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများတွင် Rapid Antigen Diagnostic Test Kit များဖြင့် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
