ရွေးကောက်ပွဲ မဲဆွယ်သည့်ကာလက လူစုလူဝေး ပြုလုပ်ခဲ့မှု အပါအဝင် ကိုဗစ်ထောက်ပံ့ကြေးပေး၍ မဲဆွယ်သည် ဟုဆိုကာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် နိုဝင်ဘာ ၁၈ ရက် နံနက်က ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများသည် နတ်မောက်မြို့ ဆည်မြောင်းဦးစီးဌာနရုံးရှေ့မှ စတင်ထွက်ခွာ၍ ဗိုလ်ချုပ်ကြေးရုပ် ကွင်းပြင်တွင် အဆုံးသတ်ခဲ့ကြောင်း၊ ဆန္ဒပြသူများသည် ရွေးကောက်ပွဲ အကြိုကာလက ဥပဒေနှင့်မညီဘဲ လူစုလူဝေးဖြင့် သွားလာခဲ့မှုများ၊ ရွေးကောက်ပွဲတွင် မဲမသမာမှု ဖြစ်နိုင်ခဲ့သည့် အကြောင်းအရာများ၊ အသက် ၁၈ နှစ် မပြည့်သေးသူများအား ရွေးကောက်ပွဲတွင် မဲပေးစေခဲ့မှု၊ ဆန္ဒမဲပေးရမည့် လက်မှတ်များ မြို့နယ်မှား၍ ရောက်ရှိခဲ့မှု၊ ဆန္ဒမဲများအား စစ်ဆေးခွင့်ပြုရန်နှင့် ကိုဗစ်ထောက်ပံ့ကြေးပေး၍ မဲဆွယ်ခဲ့သည်ဟု ထုတ်ဖော်ခဲ့ကြကြောင်း၊ နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကွင်းပြင်တွင် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ဟောပြောပွဲလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မဲဆွယ်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ထောက်ပံ့ကြေးပေးထားလို့ သူ့ကို ဝန်းရံသင့်တယ်ဆိုပြီး ကျေးရွာတွေမှာ မဲဆွယ်သူတွေက ပြောသွားတာတွေလည်း ရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ခြိမ်းခြောက်မှုတွေ၊ ကန့်ကွက်မှုတွေ မရှိဘဲ အေးအေးဆေးဆေး ပြီးသွားခဲ့ပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာက ခြိမ်းခြောက်မှုတွေ၊ တရားမဲ့၊ ဥပဒေမဲ့ စည်းရုံးဟောပြောမှုတွေ၊ နိုင်ငံတော်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုကို အသုံးပြုပြီး စည်းရုံးရေး လှုံ့ဆော်မှုတွေ၊ ဒါတွေလုပ်လာတဲ့ အပေါ်မှာ အမှန်တရားကိုု ပေါ်ပေါက်ဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ရွေးကောက်ပွဲကော်မရှင်က အရေးယူ ဆောင်ရွက်မှုမရှိဘဲ ရွေးကောက်ပွဲကို အတင်းအဓမ္မ လုပ်သွားတဲ့အပေါ်မှာ ကျွန်တော်တို့က မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့တာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ဦးဇော်ဝင်းက ပြောကြားသည်။
အဆိုပါ ဆန္ဒပြပွဲအတွက် ဦးဇော်ဝင်းက နိုဝင်ဘာ ၁၆ ရက်က နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဥပဒေနှင့်အညီ လူဦးရေ ၃၀ ဆန္ဒပြမည်ဟု စာတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးက ၂၅ ဦးသာ ဆန္ဒထုတ်ဖော်ရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ အမှန်တကယ် ဆန္ဒပြချိန်တွင် လူဦးရေ ၁၀၀ ကျော်ခန့် ရှိလာသောကြောင့် ဆန္ဒပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကွင်းပြင်တွင်သာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
