စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့တွင် အခြေခံလူတန်းစား ထောက်ပံ့ငွေ တန်းတူရရှိရေးအတွက် ဒေသခံ ၂၉ ဦးက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော် တောင်းဆိုမှုကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ချောင်းဦးမြို့ ဘောလုံးကွင်းမှ စတင်ခဲ့ပြီး မြို့တွင်းလမ်းများတွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ယင်းဆန္ဒထုတ်ဖော် တောင်းဆိုမှုသည် သက်ဆိုင်ရာ ရဲစခန်းထံ တရားဝင်စာတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခြေခံလူတန်းစား ထောက်ပံ့ကြေးက ပထမအကြိမ်တုန်းက ဆန်၊ ဆီ၊ ဆား စားသောက်ကုန်ငါးမျိုး၊ အဲဒီတုန်းကလည်း ကျွန်မတို့မှာ နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ကြေးက အပြည့်မရဘူး။ နိုင်ငံတော်က ပေးတဲ့ အကြိမ်တိုင်း ကျွန်မတို့မှာ အပြည့်မရဘူး။ ဒါပေမယ့် မရတဲ့သူတွေကလည်း အများကြီးရှိသေးတယ်။ တာဝန်ရှိတဲ့သူက သူနဲ့နီးစပ်ရာ နီးစပ်ရာ လုပ်သွားတာ။ ကျွန်မတို့က အပြည့်အဝရချင်တယ်။ စာလည်း တင်ထားပေမဲ့ အခုထိ ဘာမှမထူးခြားလာသေးဘူး။ အပြည့်အဝမရတဲ့ ကိစ္စကို ဆက်ပြီးတော့ ရှင်းပေးစေချင်တယ်” ဟု ချောင်းဦးမြို့နယ် မင်းတည်ကျေးရွာမှ ဒေါ်ဇာဇာမြင့်က ပြောကြားသည်။
ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်ကပေးသည့် စားနပ်ရိက္ခာ အပါအဝင် ငွေကြေးများကို မှန်မှန်ကန်ကန် ပေးဝေခြင်း မရှိကြောင်း၊ အဆိုပါ ကိစ္စအား မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြခဲ့သော်လည်း လုပ်ဆောင် ပေးခဲ့ခြင်း မရှိသည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ် ငါးလုံတင်ကျေးရွာမှ ဦးနိုင်မိုးဦးက ဆိုသည်။
“ကျွန်တော်တို့ ဆန္ဒပြရတဲ့အကြောင်းအရင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နိုင်ငံတော်က ဝေတဲ့ပစ္စည်းတွေကို မှန်မှန်ကန်ကန် ပေးဝေတာ မရှိပါဘူး။ အဲဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း တင်ပြပေမယ့်သူက လုပ်မပေးတဲ့အတွက် ကျွန်တော်တို့ ဒီနေ့ဆန္ဒပြရတာ ဖြစ်ပါတယ်။ ထောက်ပံ့ကြေး ပေးတော့လည်း ပေးချင်တဲ့သူပေးတယ်။ ရတဲ့သူရတယ်။ အဲဒီလိုလူတွေ ကျွန်တော်တို့ရွာမှာ အများကြီး ရှိပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အဂတိတရားတွေ လုပ်နေတာကိုတော့ သက်ဆိုင်ရာတွေအနေနဲ့ စိစစ်ပြီးတော့ အရေးယူ ပေးစေချင်ပါတယ်” ဟု ချောင်းဦးမြို့နယ် ငါးလုံတင်ကျေးရွာမှ ဦးနိုင်မိုးဦးက ပြောကြားသည်။
ဆန္ဒထုတ်ဖော်သူများက ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် အခြေခံလူတန်းစား ထောက်ပံ့ငွေ တန်းတူရရှိရေး၊ အဂတိတရား မကင်းသော အုပ်ချုပ်ရေးမှူးများအား အရေးယူပေးရေး စသည်များအား ကြွေးကြော်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
